နွဲ့ခက်စိမ်းစို သစ်ရိပ်ပျို
အုံ့ဆိုင်းမှိုင်းဝေ အေးမြစေ။
ငြိမ့်ညောင်းပျောင်းသွဲ့ လေပြေတစ်ခက်
အေးမြကြည်သာ ငြိမ်းချမ်းစွာ။
သန့်ရှင်းကြည်လင် ရေချမ်းစင်
မောတွေပြေစေ အေးချမ်းစေ။
ပြန့်ပြူးညီညာ မြေပြင်လွှာ
ဖြတ်သွားဖြတ်လာ နားခိုစရာ။
ညချမ်းချိန်ခါ လရိပ်ဖြာ
ကလေးသူငယ် ပျော်ကြရှာ။
သို့သော် …………………………………….
ဟော … ဟိုတစ်ဖွဲ့ လာပဟဲ့
တိုင်းထွာကြကာ အလုပ်ရှုပ်ရှာ။
နေ့ညမနား ခုတ်ကြတာ
ရွာထိပ်သစ်ရိပ် မဲ့ရရှာ။
မှတ်ချက်။ ။ ရန်ကုန်သူမို့ ရွာထိပ်သစ်ပင်ကို စိတ်ကူးနဲ့သာ ပုံဖော်ရေးထားပါတယ်။
Saturday, March 8, 2014
“ ရွာထိပ်ညောင်ပင် အကြောင်း သိကောင်းစရာ "
Posted by ကြယ်ပြာ at 8:58 AM 0 comments
Labels: ကဗျာ
" လွမ်းနေတယ် ………. တကယ် "
တိမ်စိုင်ထဲမျောလွင့် ပေါ့ပေါ့လေးဖြစ်နေတဲ့ အခိုက်လေးကို ဖြစ်စေ …..
တိတ်ဆိတ်ခြင်းကြားက သက်ပြင်းချသံ သဲ့သဲ့ ကြားမိချိန်လေးကို ဖြစ်စေ ….
စကားသံတွေကူးလူး နှလုံးသားချင်းဝတ်မှုံထုံကူးနေချိန်လေးကို ဖြစ်စေ ….
ညင်သာတိုးသက် ကိုယ့်ရဲ့နာမ်စားလေးကို “သူ” ခပ်ဖွဖွလေး ခေါ်လိုက်ချိန်ကို ဖြစ်စေ ….
ကိုယ့်နှုတ်ခမ်းထက် သူ့အနမ်းလေး ရုတ်တရက် ပွင့်သွားတဲ့အချိန်ကို ဖြစ်စေ ….
ဆန်းကြယ်လွန်းတဲ့ စိတ်ရဲ့မြန်နှုန်းတွေကို မမှီမကမ်း ဘာသာပြန်မိတဲ့ အချိန်တွေကို ဖြစ်စေ ….
ချစ်တယ်ဆိုတဲ့ စကားထက် နက်ရှိုင်းလွန်းတဲ့ ခံစားချက်တွေကို အံ့သြဘနန်းဖြစ်ရင်း ....
လွမ်းနေတယ် ………. တကယ်
Posted by ကြယ်ပြာ at 8:56 AM 0 comments
Labels: ကဗျာ
" အယောင် "
ဝစ်လစ်စလစ် အကြင်နာယောင်တွေနဲ့
လာလာ လွမ်းမပြစမ်းပါနဲ့ ...
နားထောင်ရတာ ခါးတယ် ...
ခံစားချက် နည်းနည်းလေးပဲထည့်
လေသံလေးကို ဖျော့ချ တိုးဖွဖွနဲ့
"လွမ်းတယ်" လို့တစ်ခွန်းတည်းပဲ ရေရွတ်လိုက်
လောကမှာ အချိုမြိန်ဆုံး ဆိုတာတွေ ထက်ပိုချိုမြိန်သွားလိမ့်မယ် ....
Posted by ကြယ်ပြာ at 8:53 AM 0 comments
Labels: ကဗျာ