ရာသီဥတု ကောင်းမွန်နေတာတောင်
ရွာချင်ယောင်ဆောင်တဲ့မိုးကိုပဲ နှစ်သက်မိသလိုလို ….
အုံဆိုင်း နေတဲ့ ကောင်းကင်ကြီးကိုပဲ ငိုချခိုင်းတော့မလိုလိုနဲ့
စိတ်တွေဟာ ဂယောက်ဂယက်နဲ့ အနည်ထချင်မိတယ် …
တခါတခါတော့လည်း
လိပ်ပြာတစ်ကောင်ဖြစ်လား ဖြစ်ချင်မိပါရဲ့ ….
လှပတဲ့ တောင်ပံရောင်စုံကြောင့်လည်းမဟုတ်သလို
ဝတ်မှုန်ထုံကူးဖို့ သက်သက်ဆိုပြန်တော့လည်း မဟုတ်ဘူးပေါ့ ….
ဒါဆိုရင် ????
တခါတခါကျတော့လည်း
သက်မဲ့စွန်တစ်ကောင်သာဖြစ်ချင်မိပြန်ရော…
ခက်နေတာက သွယ်ယှက်နေတဲ့ ကြိုးမျှင်ခပ်သေးသေးလေးတွေက
ထင်တာထက် ပိုပြီး ခိုင်လွန်းနေပြန်တယ် …
အင်း… အချိန်တန်တော့လည်း စွန်ဟာ ရစ်ဘီးဆီ ပြန်ကပ်သွားရတာပါပဲလေ ..
ရွေူးချယ်ခွင့်က ကြိုးပြတ်ခြင်းကလွဲရင် ရောက်ရာ ပေါက်ရာလေသယ်ရာဆီပဲဆိုတော့ကာ …
သာယာဖူးတဲ့ အခိုက်အတန့် မေ့ မပစ်ရုံပေါ့ …..
Cherry Blossom in Central Park - 2
-
၂၀၂၆ ဧပြီ ၁၂ တနင်္ဂနွေနေ Central Park ထဲလမ်းသွားလျှောက်တယ်။ ချယ်ရီပန်း၊
ပန်းတွေပွင့်နေတာ အရမ်းလှတယ်။
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၂၆။
4 hours ago

4 Comments:
အတိတ်တွေ က အရိပ်လို ကျန်နေတတ်စမြဲ ...
ကဗျာလေး စိတ်ကူးကောင်းတာပဲ...စွန်..ကြိုး...ရစ်ဘီး မြင်နေကျ ရေးနေကျပေါ်မှာ လှလှပပ တွေးပြသွားနိုင်တာ အားရတယ်...ကဗျာကောင်းတစ်ပုဒ်အတွက် ကျေးဇူးတင်ပါသဗျား...
ညီမ
တစ်ခုခု ခံစားနေရပုံဘဲ။ ကျန်းမာရေးကော ကောင်းရဲ့လား။
ဟိုတုန်းက အမေ နေမကောင်းဘူးဆိုတာရော ကောင်းသွားပြီလား။
ပျောက်နေလိုက်တာ။ ဘလော့ပေါ်တောင် ပေါ်မလာတော့ဘူးနော်။
အချိန်တွေအကြာကြီး မရေးဖြစ်တော့တာတောင် လာဖတ်ပေးကြတဲ့ အစ်ကိုတွေ မောင်တွေကို ကျေးဇူးအ၇မ်းတင်ပါတယ်။
အမေက ခုတလော နေကောင်းနေပါတယ် အစ်ကို ကိုကိုမောင်။
Post a Comment