စာလဲ မရေးတာ တစ်နှစ်တောင်ရှိသွားပြီ ... အလုပ်နဲ့ပတ်သတ်ပြီးစိတ်ရှုပ်လို့ ရေးမိရေးရာရေးလိုက်တာပါ ...
ဒီအလုပ်မှာ လုပ်ရတာ မနှစ်သက်ပေမယ့် ကိုယ့်ပလန်လေးတွေရှိနေသေးလို့ ဆက်လုပ်ရင်းနဲ့ စိတ်ကရှုပ်လိုက် ပြေလိုက် လုံးချာလည်နေတော့တာပါပဲ ... ခုလောလောဆယ်တော့ သတ်မှတ်ရက်တအားနီးလေ၊ စိတ်တွေ ဂယောင်ချောက်ချားဖြစ်လေ၊ လုပ်လက်စတွေ မပြတ်လေနဲ့ ရူးချင်သလိုလို ဖြစ်နေတယ် .....း(
ပုံစံခွက်တခုထဲ ဖြက်ကနဲကျသွားချိန်
ချော်လဲ ရောထိုင်ဖို့ကို
ပတ်ဝန်းကျင်ကပဲဖြားယောင်းတယ် …
အတိတ်ထဲကနေ သင်ခန်းစာယူရင်းနဲ့ပဲ
အဲ့ဒီအတိတ်ထဲမှာပဲ အခါခါချော်လဲ…
ထိခိုက် ပွန်းပဲ့သွားတာတွေပြပါဆိုရင်တော့
စိတ်တွေ၊ ခံစားမှုတွေ ပဲ ချပြစရာရှိတယ် …
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
9 Comments:
အယ်...ကြယ်ပြာ့ဆီက ပို့စ်အသစ်တက်လာလို့ အံ့သြသွားတာ။ မအားတဲ့ကြားထဲကပဲ ခံစားချက်လေးတွေ ဖောက်ထုတ်လိုက်တယ်ဆိုပါတော့။း)
ဟုတ်တယ် ဇွန်ရေ .... စာကရေးချင်တယ် ... ရေးထားတာလဲ တပိုင်းတစတွေနဲ့ အဆုံးလဲမသတ်နိုင်ဘူး ... အဲ့ဒါနဲ့ပဲ ပို့စ်တွေက မတင်ဖြစ်တာ ...း)
စာပြန်ရေးပါ အစ်မ :P အလုပ်ထဲမှာ ကြုံနေရတဲ့ စိတ်ရှုပ်စရာရှိရင်လည်း ကုန်ဆုံးပီး ဟတ်ပီးချိုင်းနိနယူးနားနှင့်အတူ ပျော်ရွင်ခြင်းအသစ်တွေသာ ကြုံပါစေဗျာ (လူကြီးလေသံနှင့် ဆုတောင်းသံ)
ခင်မင်လျက်
တလနွန်
ကျေးဇူးပဲမောင်လေးရေ .... စိတ်ရှုပ်စရာတွေ မြန်မြန်ကုန်ဆုံးအောင်တော့ ကြိုးစားနေတာပါပဲ ...း)
ညီမရေ.. စာပြန်ရေးပါနော်.. လက်စမသတ်နိုင်တဲ့ စာတွေကို ပြန်ဖတ်ရင်း လက်စသတ်ပြီး တင်နော်..:D အလုပ်မှာလည်း အဆင်ပြေပါစေ.. :)
ဟုတ်အစ်မ ... ဒါပေမယ့် ယူအေတီက ဖေဖော်ဝါရီ ၈ ရက်နေ့ .. လိုက်ဖ်တက်မှာက မတ်လကုန် ကနေ ဇွန်လဆန်းထိ ...း(
ဆုတောင်းပေးလို့ကျေးဇူးနော်အစ်မ ...
ပိုစ့်အသစ်တက်လာလို့လာအားပေးသွားတယ်နော်။
အားပေးနေပါတယ်အမရေ ဘာမှအားမငယ်ပါနဲ့.. အားလုံးက အဆင်ပြေသွားမှာပါ အမ။
အားလုံး အဆင်ပြေပါစေဗျာ
စိတ်တွေကို မပွန်းပဲ့စေနဲ့ ညီမ။ စိတ်ကိုပြင်တဲ့ ၀ပ်ရှော့က ခပ်ရှားရှားရယ်။
မတွေ့တာ အတော်ကြာရောပေါ့။ ညီမအမေကော နေကောင်းလား။ ဆီးချို ရှိနေတုန်းဘဲလား။ ညီမရော ညီမအမေရော နေကောင်းကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
Post a Comment