Management တဲ့ …. သဘောကျချင်စရာ၊ စိတ်ဝင်စားစရာကောင်းတဲ့ ဒီစကားလုံးကို ကျွန်မသိပ်သဘောမကျချင်တော့ဘူး …. တကယ်တော့ Management ဆိုတာအလုပ်တစ်ခုအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်စေဖို့ Process တစ်ခုပဲဖြစ်သင့်ပါတယ် … ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အမိန့်တစ်ခုလိုမျိုးတော့မဖြစ်သင့်ပါဘူးလေ ….
ကျွန်မတို့အလုပ်က Management ဆိုသူတွေရဲ့ ကောင်းကွက်လေးတွေသိသလောက်ချရေးကြည့်ချင်သားလား ….
ကျွန်မရဲ့အထက်လူကြီးကပြောတယ် “ငါ ဘာ အယ်ရာမှ မလိုချင်ဘူး” တဲ့ … မသိရင် ကျွန်မကပဲ အယ်ရာတွေကို ချစ်လွန်း၊မြတ်နိုးလွန်းလို့ လုပ်ယူနေသလားပဲ … ကျွန်မလဲ ပြန်ပြောလိုက်တယ် … “နင်မလိုချင်သလို ငါလဲမလိုချင်ပါဘူး” လို့ …
စနေ၊တနင်္ဂနွေ အလုပ်မလုပ်စေချင်ပါဘူး ဆိုပြီး တနေ့ အလုပ်ချိန် ၈ နာရီစာမကတဲ့အလုပ်တွေကို ပြီးစေချင်တယ် …. တော်ပါတယ် သူတို့လုပ်ပုံ …
ပလန်လုပ်တယ်တဲ့ … ပလန်လုပ်တယ်ဆိုတာ ရှိနေတဲ့အလုပ်နဲ့မျှတတဲ့အချိန်တစ်ခုဖြစ်သင့်တာပေါ့ …. ခုတော့ အချိန်ကိုညှိလို့ရတယ်တဲ့ ဒါပေမယ့် ရက်ထပ်မတိုးရဘူးတဲ့ ….. ကျွန်မ ထပ်ပြောစရာ စကားမရှိတော့ဘူးလေ … အင်းလို့ မပြောလို့မှမရတော့လဲ အင်းပေါ့ …. မပြီးသေးတဲ့အလုပ်တွေလုပ်ဖို့ ပလန်ကို ပြောပါတဲ့ … ကျွန်မပြောလိုက်တယ် … တစ်ရက်မှာ ၂၄ နာရီပဲရှိတာ … ငါ ဒီအလုပ်အတွက် ၁၀ နာရီ နဲ့ ၁၂ နာရီကြားအချိန်ပေးထားတာလို့ဆိုတော့ မသိချင်ယောင်ဆောင်နေတယ် …ကျွန်မ ဒီလောက်ပဲတတ်နိုင်တယ် …. ကျွန်မအစွမ်းကုန် အကောင်းဆုံးလုပ်ထားတာပဲလေ …. ခန်းမှန်းခြေအချိန်ကိုပဲပေးလို့ရတဲ့ကျွန်မတို့အလုပ်မှာ ရက်အတိအကျတောင်းရုံတင်မဟုတ်ပဲ နာရီအတိအကျပါလာတောင်းတော့ ကျွန်မစိတ်တိုလာရော …. အိုင်တီအလုပ်မှာ အဖွဲ့နဲ့လုပ်လေ တစ်ယောက်ပေါ်တစ်ယောက်မှီတည်နေတဲ့ကိစ္စတွေကများလေပဲဆိုတာ သူလဲသိရဲ့သားနဲ့ … ပြီးတော့ သုံးလအချိန်ယူထားတဲ့ပရောဂျက်တစ်ခုကို အချိန်လျော့စေချင်တယ် … သူကနည်းနည်းလေးလျော့ခိုင်းချင်တာနဲ့ ကျွန်မဘော့စ်က လျော့ပေးမယ်ဆိုတာချည်းပဲ … နောက်လူတွေကိုထည့်မတွက်ဘူး … ဖြစ်နိုင်လားမဖြစ်နိုင်လားလဲ မစဉ်းစားဘူး …. Complaint ဘယ်လောက်တက်တက် နောက်ဆုံးတော့လဲ အထက်လူကြီးသဘောပဲ …
မဖြစ်နိုင်လို့ ကိုယ်တွေက ပိတ်ရက်တွေပါအလုပ်လုပ်ရပြီဆိုရင် လျော့ခိုင်းတဲ့လူကြီးက မင်းတို့ဘာလို့ ပိတ်ရက်တွေအလုပ်လုပ်သလဲတဲ့ … ဒီလိုလုပ်တာတောင် ထွက်လာတဲ့ Result ကျတော့ တူတူပဲတဲ့ … Result ကို သူဘာနဲ့တိုင်းသလဲတော့မသိဘူး .. သူ့အတွက်တော့ ကိုယ်တွေကို အချိန်လျော့ခိုင်းလို့ရလေ .. .သူက နာမည်ရလေပဲ ….
ဒီတော့ Management ဆိုတာ ကျွန်မအတွက်တော့ လူတွေကိုကျပ်တဲ့ Process တခုလို့ပဲလို့မြင်လာတော့တယ် ….
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
10 Comments:
စိတ်လျှော့ စိတ်လျှော့ တချိန်ချိန် ကိုယ်လဲ အဲ့လို ပြန်ခိုင်းနိုင်တဲ့ အဆင့်ရောက်လာမှာပါဗျာ အားမငယ်နဲ့
လေးစားလျက်
တောင်ပေါ်သား
အင်း တာဝန်ယူထားတဲ့ သူတစ်ယောက်အတွက်တော့ ကိုယ့်လက်အောက်က လူတွေကို ဒီလိုပဲ ပြောတတ်ကြ ပါတယ်။ ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် သူ့အထက်လူကြီး ကျေနပ်အောင်တော့ ပညာပေးတတ်ကြပါတယ်။
အငယ်တွေဖက်ကကြည့်ရင် command ပေးတာကို စိတ်ကျဉ်းကြပ်တယ်လို့ ထင်မိမှာ အသေအချာပါပဲ။
ပေဖြစ်တုန်းတော့ တူထုတာလောက်က အပျော့ပေါ့ ဆိုပြီး ပျော်၂လေး တွေးလိုက်ပါ။ အလုပ်မှာ ပျော်ရွှင်လာပါ လိမ့်မယ်
ခင်မင်တဲ့
ပေါက်ကွဲနေတာ.. ပေါက်ကွဲနေတာ... ဟားဟား
စိတ်လျှော့ ပါ မကြယ်ပြာရေ ..
း))
အဆင်ပြေ ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ် ..း)
ဖိအားတွေများတယ်နော် ဘာပဲဖြစ်ဖြစ် ဒီလိုလေး ရင်ဖွင့်ပေါ့ ။မောင်နှမတွေရဲ့ အားပေးမှုက အတိုင်းအတာ တခုအထိတော့ အားရှိစေမှာပဲလေ။
ဒီလိုပဲ အဆင်ပြေအောင် လုပ်နေကြရတာပါပဲ :)
ဘဝတူတွေများပါတယ် ကြယ်ပြာရယ်...
အဲလိုလေး ဖြေသိမ့်တွေး တွေး တွေးပေါ့...
ညီမရေ.. ပျောက်ချက်သား ကောင်းလှချည်လားလို့တွေးနေတာ.. အလုပ်တွေ များနေလို့ကိုး... :)
အလုပ်က နေ့တိုင်း လုပ်နေရတာ ဆိုတော့ အဆင်ပြေပြေ ဖြစ်စေချင်ပါတယ်.. အမလည်း တခါတလေ အဲဒီလို မျိုးတွေ ကြုံရတယ်... အဲဒါဆိုတော့ ကိုယ်လည်း စိတ်ညစ်ရတာပေါ့နော်.. ပြီးတော့ ကိုယ်ကလည်း မကျေနပ်တာ တခုခုရှိရင် ရင်ထဲမြိုသိပ်မထားတတ်တော့ မျက်နှာမှာ အားလုံးပေါ်တာလေ.. ရီလို့ ပြုံးလို့ကို မရတော့ဘူး.. :D
စိတ်လျော့ပါအမရေ အဆင်ပြေပျော်ရွှင်စေဖို့မျှော်လင့်ပါတယ်။ ကိုယ်လည်းတစ်ချိန်ကျရင် အဲ့လိုပြန်ခိုင်းနိုင်မှာပေါ့လေ။
ခင်မင်လျက်
ကိုတိုးလေး
သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်မှ နည်းနည်းသက်သာသွားတယ် .... အားပေးတဲ့သူငယ်ချင်းများအားလုံး ကျေးဇူးပါ ....
ကြယ်ပြာရေ ဘာတွေဖြစ်နေတာလဲ ???? ပျောက်နေတယ်နော်။ အဆင်ပြေရဲ့လား။
Post a Comment