
လူတိုင်း လူတိုင်းမှာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အလုပ်နဲ့ ပတ်သတ်လို့ စိတ်ဖိစီးမှု့တွေ အနည်းနှင့်အများရှိတတ်ကြပါတယ်။ အဲ့ဒီစိတ်ဖိစီးမှု့တွေကို မဖြေလျော့တတ်ရင် စိတ်ကျန်းမာရေးရော၊ ရုပ်ကျန်းမာရေးပါထိခိုက်နိုင်သလို ကိုယ့်ရဲ့လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေလဲ လျော့ကျသွားတတ်ပါတယ်။ အဲ့လိုမထိခိုက်အောင်၊ စိတ်သက်သာအောင်ဘယ်လိုနေရမယ်ဆိုတာကိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကျွန်မဖတ်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းလေးကို သိတဲ့သူတွေလဲရှိနိုင်သလို၊ မသိတဲ့သူတွေလဲရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေပြန်ဖတ်ဖြစ်လို့ စိတ်အနည်းငယ်သက်သာအောင် လုပ်နိုင်တယ်ဆိုရင်ပဲ ကျွန်မကျေနပ်ပါတယ်။ ဒီဇာတ်လမ်းလေးကို သင့်သလိုဘာသာပြန်ပြီး သူငယ်ချင်းတွေကို မျှဝေပါရစေရှင်။
ဇာတ်လမ်းလေးကတော့ ဒီလိုပါ ……
ပရော်ဖက်ဆာတစ်ယောက်ဟာ ရေအနည်းငယ်ထည့်ထားတဲ့ ဖန်ခွက်လေးကို ကိုင်ပြီး သူ့အတန်းကို စတင်ဖို့ဝင်လာပါတယ် .... နောက်တော့သူဟာ ကျောင်းသားတွေအားလုံးမြင်သာလောက်အောင် ဖန်ခွက်လေးကို ကိုင်မြှောက်ပြီး
“ ဒီဖန်ခွက်ဘယ်လောက်လေးမယ်ထင်သလဲ” လို့ကျောင်းသားတွေကို မေးလိုက်ပါတယ်။
“၅၀ ဂရမ်” “၁၀၀ ဂရမ်” “၁၂၅ ဂရမ်” စသဖြင့်ကျောင်းသားတွေက ဖြေဆိုကြပါတယ်။
ဒီအခါမှာ ပရော်ဖက်ဆာက “ဆရာချိန်မကြည့်ပဲနဲ့ ဒီဖန်ခွက်ဘယ်လောက်လေးသလဲ အတိအကျမသိပါဘူး” တဲ့
“ဒါပေမယ့် ဒီဖန်ခွက်လေးကို ဒီလိုကိုင်မြှောက်ပြီး မိနစ်အနည်းငယ်နေရင် ဘာဖြစ်မလဲလို့ မေးချင်တာပါ” လို့ဆိုသတဲ့။
ဒီတော့ ကျောင်းသားတွေက “ဘာမှမဖြစ်ပါဘူး” လို့ပြန်ဖြေကြပါတယ်။
ပရောဖက်ဆာက “ကောင်းပါပြီ ဒီလိုဆိုရင် တစ်နာရီလောက်ကြာအောင် ဒီလိုဆက်ကိုင်ထားမယ်ဆိုရင်ရော” လို့မေးပြန်သတဲ့။
ဒီတခါမှာ ကျောင်းသားတစ်ယောက်က “ဆရာ့ လက်မောင်းတွေညောင်းလာမှာပေါ့” လို့ဖြေလိုက်ပါတယ်။
“တပည့်ပြောတာမှန်ပါတယ် ။ တကယ်လို့ ဒီဖန်ခွက်ကို တနေကုန်သာ ကိုင်မြှောက်ထားမယ်ဆိုရင်ရော” လို့ထပ်မေးပြန်ရော …
ဒီတခါမှာလည်းကျောင်းသားတစ်ယောက်က “ဆရာ့လက်မောင်းကြောတွေဆိုင်းလာသလိုဖြစ်လာမယ်၊ ကြွက်သားတွေလဲနာလာမယ်၊ လေတောင်ဖြတ်သလိုဖြစ်သွားနိုင်တယ် …ဆေးရုံတော့သွားရမှာသေချာသလောက်ပဲ” လို့ဖြေလိုက်ပါတယ်။
ဒီအခါပရော်ဖက်ဆာက “မင်းဖြေတာ သိပ်ကောင်းတဲ့အဖြေပါ။ ဆရာတို့ ဒီလိုတနေကုန်ဖန်ခွက်ကိုကိုင်မြှောက်ထားတဲ့အချိန်မှာ ဖန်ခွက်ရဲ့အလေးချိန်ကပြောင်းလဲသွားသလား” လို့ထပ်မေးလိုက်ပြန်ပါတယ်။
ကျောင်းသားအားလုံးက “ပြောင်းလဲမသွားပါဘူး” လို့ဖြေလိုက်ကြပါတယ်။
ဒီတော့ ပရော်ဖက်ဆာက “ ဒါဆို ဘာလို့ လက်မောင်းတွေအောင့်လာပြီး ကြွက်သားတွေနာလာရသလဲ” တဲ့ ….
ပြီးတော့ ထပ်မေးပြန်ပါတယ် “ဒီနာကျင်မှု့က လွတ်မြောက်အောင် ငါတို့တွေဘာလုပ်သင့်သလဲ” တဲ့။
ကျောင်းသားတစ်ယောက်က “ဖန်ခွက်ကိုလွှတ်ချလိုက်ပါ” တဲ့။
ဒီအခါ ပရော်ဖက်ဆာက “အတိအကျပါပဲ” လို့ပြောပြီးဆက်ပြောပါတယ်။
“ဘ၀ရဲ့ ပြဿနာတွေဒီလိုပါပဲ။ မင်းတို့ရဲ့ခေါင်းထဲခဏလေးသာ ထည့်ထားမယ်ဆိုရင် သိပ်ပြဿနာ မရှိပါဘူး။ တကယ်လို့ ခပ်ကြာကြာလေးတွေးမယ်ဆိုရင်တော့ စပြီးတော့ နာကျင်လာပါပြီ။ ဒီထက်ပိုပြီး ကြာကြာလေး ဆက်တွေးတော့မယ်ဆိုရင် လေဖြတ်ချင်သလိုလိုဖြစ်လာပါလိမ့်မယ်။ မင်းတို့ဘာဆို ဘာမှထပ်မလုပ်နိုင်တော့ပါဘူး။”
“မင်းတို့ဘ၀မှာအရေးကြီးတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှု့တွေနဲ့ပတ်သတ်ပြီး စဉ်းစားဖို့အရေးကြီးပါတယ်။ ဒါပေမယ့် မင်းတို့တွေနေ့တိုင်း မအိပ်ခင်အချိန်ရောက်ရင် အားလုံးကို လွှတ်ချလိုက်ဖို့က ပိုအရေးကြီးပါတယ်”
“ဒီလိုလုပ်မယ်ဆိုရင် မင်းတို့ရဲ့ စိတ်ဖိစီးမှု့တွေသက်သာမယ်။”
“မနက်မိုးလင်းလို့ အိပ်ယာနိုးတဲ့အချိန်မှာ ကြည်လင်၊ လန်းဆန်းနေမယ်။ နောက်ထပ်ကြုံလာမယ့် စိန်ခေါ်မှု့အသစ်တွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်” တဲ့။
သူငယ်ချင်းတို့ရေ ဒီနေ့အလုပ်ကပြန်ချိန်ရောက်လာခဲ့ရင် ဖန်ခွက်လေးကို လွှတ်ချဖို့ မမေ့ကြနဲ့နော် ။
ဂျပန်သွား တောလား - ၃
-
Day 8 - Kamishikimi Kumanoimasu Shrine in Takamori, Kumamoto Prefecture,
Japan.
This shrine is famous for being the setting of a popular anime and manga...
1 day ago
2 Comments:
နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။ ပေးချင်တဲ့ message ကို ယူသွားပါတယ်။ ဝေမျှပေးတဲ့ အတွက် ကျေးဇူးပါ။
http://winzaw-mdy.blogspot.com
ဟုတ်တယ်။ ဖန်ခွက်ကို လွှတ်ချရမယ်။
အခုတော့သိပြီ။
ကျွန်တော်က ကြည်ပြာရောင်နဂ္ဂတစ်များထဲကလို မကြည်ပြာလို့ တမင်ခေါ်တာပါ။ နောက်တား)
Post a Comment