နွဲ့ခက်စိမ်းစို သစ်ရိပ်ပျို
အုံ့ဆိုင်းမှိုင်းဝေ အေးမြစေ။
ငြိမ့်ညောင်းပျောင်းသွဲ့ လေပြေတစ်ခက်
အေးမြကြည်သာ ငြိမ်းချမ်းစွာ။
သန့်ရှင်းကြည်လင် ရေချမ်းစင်
မောတွေပြေစေ အေးချမ်းစေ။
ပြန့်ပြူးညီညာ မြေပြင်လွှာ
ဖြတ်သွားဖြတ်လာ နားခိုစရာ။
ညချမ်းချိန်ခါ လရိပ်ဖြာ
ကလေးသူငယ် ပျော်ကြရှာ။
သို့သော် …………………………………….
ဟော … ဟိုတစ်ဖွဲ့ လာပဟဲ့
တိုင်းထွာကြကာ အလုပ်ရှုပ်ရှာ။
နေ့ညမနား ခုတ်ကြတာ
ရွာထိပ်သစ်ရိပ် မဲ့ရရှာ။
မှတ်ချက်။ ။ ရန်ကုန်သူမို့ ရွာထိပ်သစ်ပင်ကို စိတ်ကူးနဲ့သာ ပုံဖော်ရေးထားပါတယ်။
၂၀၂၄ ရခွေားမွခွေား ခရီးသှား - ၉
-
၂၀၂၄ ဧပြီ ၂၁ တနင်္ဂနွေနေ့ ပန်ဆယ်ဗေးနီးယားပြည်နယ် Bethlehem မြို့
ပါချုပ်ကျောင်း နှစ်စဥ်ကျင်းပနေကျ သက်ကြီးပူဇော်ပွဲသွားတယ်။ အသက် ၆၅ နှစ်အထက်
သက်ကြီးကန်တော...
14 hours ago
0 Comments:
Post a Comment