နွဲ့ခက်စိမ်းစို သစ်ရိပ်ပျို
အုံ့ဆိုင်းမှိုင်းဝေ အေးမြစေ။
ငြိမ့်ညောင်းပျောင်းသွဲ့ လေပြေတစ်ခက်
အေးမြကြည်သာ ငြိမ်းချမ်းစွာ။
သန့်ရှင်းကြည်လင် ရေချမ်းစင်
မောတွေပြေစေ အေးချမ်းစေ။
ပြန့်ပြူးညီညာ မြေပြင်လွှာ
ဖြတ်သွားဖြတ်လာ နားခိုစရာ။
ညချမ်းချိန်ခါ လရိပ်ဖြာ
ကလေးသူငယ် ပျော်ကြရှာ။
သို့သော် …………………………………….
ဟော … ဟိုတစ်ဖွဲ့ လာပဟဲ့
တိုင်းထွာကြကာ အလုပ်ရှုပ်ရှာ။
နေ့ညမနား ခုတ်ကြတာ
ရွာထိပ်သစ်ရိပ် မဲ့ရရှာ။
မှတ်ချက်။ ။ ရန်ကုန်သူမို့ ရွာထိပ်သစ်ပင်ကို စိတ်ကူးနဲ့သာ ပုံဖော်ရေးထားပါတယ်။
အီဂျစ်သွားတောလား - ၁၆
-
၂၀၂၅ ဇန်နဝါရီ ၁၃ တနင်္ဂလာနေ့ မနက် ၈ နာရီခွဲလောက် The Grand Egyptian Museum
သွားတယ်။ ပြတိုက်က အကြီးကြီးပဲ။ အကုန်နှံ့အောင်ကြည့်ခဲ့တယ်။
နာမည်ကြီးမံမီအခန်းကိ...
56 minutes ago
0 Comments:
Post a Comment