မင်းနဲ့ငါရဲ့ တွေ့ဆုံမှုက ရိုးစင်းတယ် ….
သိမ်မွေ့နက်ရှိုင်းလွန်းတယ် ….
စိတ်ကလေးတချက်လွှတ်လိုက်တာနဲ့တင် မြင်းရိုင်းတွေက ကဆုန်ပေါက်ပြေးတယ် ….
ငြိမ့်ညောင်းတဲ့လေလှိုင်းထဲ မင်းရော ငါရော တူတူမျောတယ် ……
အဲ့ဒီနေ့က
မျိုသိပ်ခြင်းတွေက မတော်တဆနဲ့ပဲ သပ်ရပ်စွာပြေကျ
ရင်ဝှက်တေးတွေကို တိတ်ဆိတ်စွာသီဆိုဖြစ်ကြရင်း
မင်းနဲ့ငါ ကြည်နူးဖူးတယ် …
အဲ့ဒီနေ့က
တစ်ယောက်ရင်ခုန်သံ တစ်ယောက်နားဆင်ရင်း
တစ်ယောက်ရဲ့ စိတ်ထဲ တစ်ယောက်
မက်မက်စက်စက် မှေးစက်ဖူးကြတယ် ……
အဲ့ဒီနေ့ကပဲပေါ့
မင်းနဲ့ကိုယ်ဘယ်တော့မှ မနီးနိုင်ဘူးဆိုတာသိလျက်နဲ့
မျက်ရည်စက်တွေ တပေါက်ပေါက်ကျရင်း
ငါတိုအချစ်တွေကို မိုက်ရူးရဲစွာ ဆုပ်ကိုင်ထားရင်း ပျော်ခဲ့ဖူးကြတယ် …..
အဲ့ဒီနေ့က ဒီနေ့လို တနင်္ဂနွေနေ့ပဲ
ဒါပေမယ့် ဒီနေ့လို အ၀ါရောင်တွေသန်းပြီး ၀မ်းနည်းမနေဘူး။
တကယ်တော့ ငါက
အပြာရောင်တောက်တဲ့ တနင်္ဂနွေနေ့လေးကိုပဲ မက်စက်ခဲ့တာပါ …..
ကြယ်ပြာ
၂၃၊ မတ်လ၊ ၂၀၁၄
နံနက် ၁၂း ၅၀
— feeling သူငယ်ချင်းတစ်ယောက်အတွက်ခံစားရေးဖွဲ့သည်။
တောင်ကိုရီးသွား တောလား - ၄
-
Starfield Library is the most famous library in South Korea.
March 22, 2025.
Happy Traveling!
စန်းထွန်း
ဧပြီ ၈၊ ၂၀၂၆။
2 days ago
0 Comments:
Post a Comment