ကျွန်မ ၈ နှစ်သမီးအရွယ်လောက်တုန်းက သူများကိုချောက်ချဖူးတဲ့အမှတ်တရ အဖြစ်လေးပါ … ဘာရယ်မဟုတ် အနည်းငယ်လေးပြုံးဖြစ်ရင်ပဲ ဝေမျှရကျိုးနပ်ပါတယ် …း)
ကျွန်မငယ်ငယ်က အလွန်အဆော့သန်သော ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ် … ဟိုးတုန်းက ကျွန်မတို့ရပ်ကွက်မှာ ကန်ထရိုက်တိုက်တွေမပေါသေး … ဒီတော့ လူဦးရေလည်းသိပ်မထူထပ်သေးဘူးပေါ့ … ကျွန်မနဲ့အရွယ်မတိမ်းမယိမ်းရပ်ကွက်ထဲက ကလေးတွေကို ကျွန်မက ဆရာလုပ်နေကျလေ …. နေ့လည်နေ့ခင်းဆိုရင် လမ်းတကာလှည့်ပြီး ကျွန်မတို့တွေ ဗံဒါသီး ကောက်လေ့ရှိတယ် … ဗံဒါသီးထုစားရတာသိပ်အရသာရှိတာလေ …. များသောအားဖြင့် ကလေးဗိုလ်ဖြစ်တဲ့ ကျွန်မကသိပ်မကောက်ဘူး … အငယ်တွေကိုပဲကောက်ခိုင်းလေ့ရှိတယ် …စပ်လဲစပ်စုတတ်တဲ့ ကျွန်မက နေကြာစေ့ကို သိပ်ကြိုက်တယ် …. နေကြာပန်းကနေ နေကြာစေ့ဘယ်လိုဖြစ်လာတယ်ဆိုတာ သိပ်သိချင်တယ် … ကလေးအတွေးနဲ့ဆိုတော့ နေကြာစေ့ကို နေကြာပန်းထဲကနေ ဖြဲရှာရင်တွေ့မှာပဲလို့ ထင်မိတာပေါ့ ….
တစ်နေ့မှာကျွန်မတို့ဘုရားစင်က နေကြာပန်းတွေ စွန့်တော့ အမေကသွားလွှင့်ပစ်ခိုင်းတာကို ကျွန်မကအကြံနဲ့လွှင့်မပစ်ဘူးလေ … လူကြီးတွေလစ်တော့ နေကြာပန်းတွေကို တစ်ပွင့်ချင်း အလယ်ခေါင်ကနေ ဖြဲရှာတာပေါ့ …နေကြာစေ့ကိုမတွေ့ရဘူး … ကျွန်မစိတ်ထဲမကျေနပ်ဘူး … ရှိသင့်တယ်လို့ ယူဆထားတာကိုး …တွေ့တာက အလယ်အ၀ိုင်းအောက်က အနှစ်လေးတွေကို တွေ့တယ် … အဲ့ဒါကို ကျွန်မက စားကြည့်တော့ စိမ့်စိမ့်လေးအရသာရှိတယ် … ဒီတော့ “အင်း … ဒီကနေ ရင့်ပြီးအခွံ့တွေပေါက်ပြီး နေကြာစေ့ဖြစ်တာနေမယ်” လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်လိုက်ရော ….
အဲ့ဒီနေ့ နေ့လည်လဲရောက်ရော ထုံးစံအတိုင်း ကလေးတွေကို ဦးဆောင်ပြီး ကြယ်ပြာတစ်ယောက် ဗံဒါသီးလှည့်ကောက်တာပေါ့ … ပါးစပ်ကလဲ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ နေကြာပန်းအနှစ်အကြောင်း ပြောပြရင်းပေါ့ … အဲ့ဒီထဲမှာ ကျွန်မထက် နှစ်နှစ်ငယ်တဲ့ ကောင်မလေးက သူလဲ စားချင်တယ်လုပ်ပါလေရော … ကျွန်မက “ပန်းတွေကမရှိတော့ဘူး နင်စားချင်ရင် နင့်အိမ်က နေကြာပန်းကပ်တော့မှ စားကြည့်” ဆိုတာကို သူက မရဘူး …. အဲ့လိုပြောရင်းဆိုရင်း လမ်းလျှောက်ရင်းနဲ့ လမ်းမှာ သစ်ရွက်ခြောက်တွေပုံထားတဲ့ အမှိုက်ပုံပေါ်မှာ နေကြာပန်းတွေပစ်ထားတာတွေ့ပါလေရော … အဲ့ဒါကို သူက “အစ်မ အစ်မ … သမီး အဲ့ဒါယူစားကြည့်မယ် .. .ရလား” တဲ့ …. ကျွန်မက “ဟယ် … မကောင်းပါဘူး .. အမှိုက်ပုံကြီးမှာ” ဆိုတော့ သူက “သန့်ပါတယ် အစ်မရ” တဲ့ … အဲ့ဒီလောက်တောင်ဖြစ်တာ စိတ်ထဲ အချဉ်ကပေါက်လာတာနဲ့ “စားချင်စားလေ” လို့ပြောလိုက်တော့ အဲ့ကောင်မလေးက ပန်းတွေကို ၀မ်းသာအားရပြေးကောက်ပြီး ကျွန်မပြောသလိုလုပ်စားပါလေရောလား …. ပြီးတော့ သူက “ အစ်မရော … စားလေ” တဲ့ … ကျွန်မက “တော်ပြီ … ဗိုက်တင်းနေလို့ စားတော့ဘူး” လို့ … ဟီး …. သူတစ်ယောက်တည်း အကုန်စားသွားတယ် …. သူငယ်ချင်းတို့ရော နေကြာစေ့စားကြမလားဟင် ?
မှတ်ချက်။ ။ပုံလေးကို http://www.manataka.org ဒီကယူပါတယ်ရှင်။
ဒိန်ချဉ် နှင့် ကျန်းမာရေး
-
ဒိန်ချဉ် နှင့် ကျန်းမာရေး
ဒေါက်တာသိင်္ဂီကျော်
ဒိန်ချဉ်သည် ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်များ နှင့်ပရိုဘိုင်အိုတစ်များစွာ
ပါဝင်သော ကမ္ဘာပေါ်တွင် ရေပန်းအစာ...
12 hours ago
10 Comments:
စားဘူး..စိတ်ပုတ်ပြီး သူများကို ချောက်ချထားတယ်..၊:P
အဆင်ပြေပျော်ရွှင်ပါစေဗျာ
အမ ကတော. ဂျပိုးလေး...ဟီးးးးးးးး
ခင်လို.စတာ...ချိတ်စိုးရဘူးနော်...
ကလေးလူလည်ကြီးပေါ့ ဟီး
ဖတ်ပျော်တယ် :)
အဲဒီလို နေကြာစေ့မျိုးကို ကြယ်ပြာလေးကော အခုထက်တိစားတုန်းဘဲလား။
ကြယ်ပြာလေးက ပန်းစားတဲ့ဘီလူး အဲ.. အဲ ယောင်လို့ နတ်သမီးလေးများ ဖြစ်နေမလားဘဲနော်။
ပျော်ရွှင်ပါစေ။
ဟားဟားဟားးးး
ရှစ်နှစ်သမီးတဲ့...
အင်မတန်လူလည်ကျတတ်နေပြီ...
ပြုံးရုံတင်မဟုတ်ဘူး.. အသံထွက်ပြီးတော့ပါ ရယ်ရတယ်...
ဒါမျိုးတွေထပ်ရေးဦး...
အကြီးလုပ်ပြီး အငယ်ကို ချောက်ချ တယ်တော့
မထင်ရဘူး ငါ့အမတော့
အသံပြဲကြီးနဲ့ ရီတယ်ဗျာ ဘာဖြစ်လည်း
နေကြာစေ့တော့ ကြိုက်တယ်။ ဒါပေမဲ့ အဲဒီနေကြာစေ့တော့ စားဘူး။:))
ကြယ်ပြာရေ........
စာလာဖတ်တယ်နော်
နေကြာစေ့လာစားတာတော့ဟုတ်ဖူး
အင်း ဒါကြောင့် ဖတ်တီးပုတ် ငါ့အစ်မဖြစ်နေတာနေမှာ ။ ဟဟ ။ သူများကိုချောက်ချရင်နော် ။ ဘာတဲ့ ခံရတာပေါ့နော့် ။ ဟီးးးးး ။ တော်သေးတာပေါ့ ဟိုကသန့်တရ်ထင်လို့ ။
(မင်းရဲကျော်စွာနဲ့ ဘာမှမတော်သော ငရဲ)
နောက်တစ်ခါကြယ်ပြာတို့  တစ်ခုခု အစား ခေါ်ရင်လိုက် တော့ဘူး...။
ကြောက်ကြောက်
Post a Comment