Monday, December 15, 2008

အရင်လိုချစ်ဆဲပဲ .... (ဇာတ်သိမ်းပိုင်း)


အိငယ် မျက်နှာလေးကို ပြုံးယောင်ပြုရင်း
“အင်းပါ ကျော်ရာ … ငါတို့ မတွေ့ပဲနေကြရအောင်ပါ .. မင်းပြောတာမှန်ပါတယ် ငါတို့ဒီထက်ပိုပြီး မငြိတွယ်သင့်ဘူးဆိုတာလေ”
“ဖိုးအိလေး … ငါ့ကို စိတ်မဆိုးနဲ့နော် … မုန်းလဲမမုန်းပစ်လိုက်ပါနဲ့ကွာ …. ငါလေ မင်းကို ……………”
အိငယ် ဖြက်ကနဲကြည့်လိုက်တော့ ကျော် ဆက်မပြောတော့ပဲ ရပ်ပစ်လိုက်လေသည်။
ထိုအချိန်တွင် မိုးများသည်းသည်းမဲမဲ ရွာကျလာသည်။
“ကျော် …. ငါတို့ဒီနေ့ အကုန်လုံးမေ့ထားပြီး ပျော်ပျော်ပဲနေရအောင်နော် …. ငါ မိုးထဲမှာ ထီးမဆောင်းပဲ လမ်းလျှောက်ချင်တယ်”
“မင်း နေမကောင်းဖြစ်ဦးမယ် ဖိုးအိလေးရယ် …. ထီးဆောင်းပါ … ငါ ထီးကိုင်ပေးမယ်လေ …”
“ဒီတစ်နေ့တော့ ငါ နေချင်သလိုလေး နေပါရစေကျော်ရယ်”
“ငါတို့နောက်ဆို ဖုန်းပဲပြောရတော့မှာပေါ့နော် ….” လို့ အိငယ်ဆိုတော့ …
ကျော်က “အင်း ….. ” လို့ ဖြေခဲ့တယ် …

တစ်လ၊ နှစ်လ၊ သုံးလ မြောက် ….

“ကျော် ငါ တခြားနိုင်ငံမှာ အလုပ်သွားလုပ်တော့မယ်.. မင်းနဲ့ငါ နောက်ဆို အဆက်အသွယ်ပြတ်ချင်ပြတ်သွားမှာ ဒါပေမယ့် ငါ မင်းကို ဘယ်တော့မှ မမေ့ဘူးနော် … ”
“ဖိုးအိလေး … ငါမင်းနဲ့ တစ်ခါလောက်တွေ့ချင်သေးတယ်ကွာ …. ငါ လာခဲ့မယ်နော် … မင်းကို ပေးစရာရယ်၊ ပြောစရာရယ်ရှိလို့” .
“အင်း .. လာခဲ့လေ … ငါလိုတာတွေလိုက်ဝယ်မလို့ မင်းပါ အဖော်လိုက်ခဲ့ပေါ့”
ကျော်က အိငယ်နဲ့ လိုတာတွေလိုက်ဝယ်ရင်း နာရီ တစ်လုံးရယ်၊ မှို့ခေါင်းအုံးတစ်လုံးရယ်၊ စိတ်ပုတီးတစ်ကုံးရယ် လက်ဆောင်ပေးတယ် …
“ဖိုးအိ … နာရီလေးက မင်းမနက်တိုင်း အိပ်ယာထဖို့ရယ် ငါ့ကို မနက်တိုင်းသတိရစေချင်လို့ရယ် … ခေါင်းအုံးက ကျတော့ ညအိပ်တိုင်းငါ့ကို သတိရဖို့၊ စိတ်ပုတီးက မင်းပုတီးစိပ်တိုင်းလဲ ငါပါချင်လို့နော်”

အိငယ်က ပြုံးလိုက်ပြီး
“အေးပါ … မင်းကို ငါက ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး …မင်းက ငါ့ရဲ့အခင်ရဆုံး၊ အချစ်ရဆုံး သူငယ်ချင်းပါကွာ”
“အင်း …. ငါဝန်ခံစရာတစ်ခုရှိတယ် ….”
“ဘာကို ၀န်ခံမှာလဲကွ … မင်းက ဘာတွေများ မဟုတ်တာလုပ်ထားလို့လဲ”
“ငါ ဒီစကားမပြောလိုက်ရရင် ငါနေလို့မရတော့လို့ပါ …. ငါလေ…. ”
“အင်း … ဘာဖြစ်လဲ .. .ပြော …”
“ငါ … မင်းကို မြတ်မြတ်နိုးနိုးနဲ့ သန့်သန့်ရှင်းရှင်းလေးချစ်တယ် ဖိုးအိလေးရယ်။ ငါတို့ ကြေးအိုးဆိုင်မှာ ထိုင်တဲ့နေ့ကတည်းက မင်းကိုချစ်နေပြီဆိုတာ ငါ့ကိုယ်ငါသိတာ”
“ကျေးဇူးတင်ပါတယ် ကျော် … ငါ့ကိုချစ်တဲ့အတွက်ပါ … ငါလဲ မင်းကိုအရမ်းချစ်တယ် … ငါ ကျေနပ်ပါတယ်၊ မင်းအချစ်တွေကို ငါထာဝရသိမ်းထားမယ်နော်”
ဒီလိုနဲ့ အိငယ်တို့နှစ်ယောက် ခွဲခွာခဲ့ကြတယ်။

ခုလို နှစ်နှစ်ကြီးများတောင် အဆက်အသွယ်ပြတ်နေခဲ့ပြီးခါမှ ငါ့ဆီဘာလို့ စာပို့ရတာလဲကျော်ရယ် …
မင်းတို့လက်မထပ်ဖြစ်သေးဘူးတဲ့လား …. ခုချိန်ထိ မပြတ်မသားစိတ်တွေနဲ့ ဒွိဟဖြစ်နေတုန်းလား ကျော် …
ငါတို့ ကျေကျေနပ်နပ်ရွေးခဲ့ကြတဲ့လမ်း မလွမ်းကြေးလေ ….
သေချာတာတစ်ခုကတော့ ငါကတော့မင်းကို အရင်လိုချစ်ဆဲ ……….
<< အပိုင်း(၃)သို့

3 Comments:

Welcome said...

အခန်းဆက် ပို့စ်လေးတွေ ပုံမှန် ဖတ်ဖြစ်တယ်။ အရေးအတွေးတွေ ကောင်းမွန်တယ်။ ကြိုးစားပါ၊ အားပေးနေပါတယ်။

http://winzaw-mdy.blogspot.com

Anonymous said...

ဟေ့
ဖတ်တယ်နော် အကုန်လုံးရေးတာကောင်းတယ်နော်..
တို့လို့တန်းလန်းကြီးနော်..စာရေးဆရာမကြီးလားလို့မြန်မာ
ကိုရောက်ရင်မုန့်တွေပိုစားခဲ့နော်..အသစ်ရေးတိုင်းအားပေး
နေမယ်နော်သိလား..ကောင်းမွန်ပါတယ်...

အိမ်မြှောင်ဖင်စာ(အောင်မြင်ပါစေ)...

ကိုလူထွေး said...

ဖတ်ရင်းနဲ့  ဇာတ်ထဲမှာ မျောသွားတယ်...

စောစောကတည်းက ရည်ရွယ်သူရှိခဲ့တယ်ဆိုရင် သူ့ ဘက်ကလဲ မဖောက်ပြန်သင့်ဘူးလေ...

အခုတော့ တစ်ဘက်လူကို စိတ်ဆင်းရဲအောင် လုပ်သလို ဖြစ်သွားတာပေါ့...

စိတ်မကောင်းပါ...