Thursday, December 18, 2008

သူမ


(Image from http://imagecode.blogspot.com/)



ခပ်ဆွေးဆွေး ကဗျာတွေစပ်၊
ခပ်လွမ်းလွမ်း သီချင်းတွေနားဆင်၊
ခပ်နုံနုံ သူမအတွက်
ရလိုက်တဲ့အချစ်က
ကျိုးတိုး ကျဲတဲ

သူမကတော့
အဲ့ဒီ ကျိုးတိုးကျဲတဲ အချစ်ကိုပဲ
တသသထားလို့ တမြမြ လွမ်းနေခဲ့တယ်
တကယ်တော့ …..
သူမက သိပ်ချစ်တတ်လွန်းခဲ့တာပါ …..

ချစ်တာကို ပြတတ်တဲ့ သူမနဲ့
မချစ်တတ်တဲ့ သူမရဲ့ချစ်သူ
တွဲစပ်မှု့ဘက်မညီပေမယ့်
သူမကတော့ ….
မြတ်နိုးစွာ ချစ်နေဆဲ။

4 Comments:

Anonymous said...

ကောင်းတယ်..အားပေးလျက်ပါ အဆင်ပြေပါစေဗျာ

Welcome said...

ရောင့်ရဲတတ်သူလေးရဲ့ အချစ်တန်ဖိုးကို
တစ်နေ့ နားလည်လာနိုင်လိမ့်မယ်လို့
မျှော်လင့်ဆုတောင်းလေး ပေးခဲ့ပါတယ်။
အဆင်နိုင်ပါစေ

http://winzaw-mdy.blogspot.com/

Anonymous said...

စကားလက်ဆောင်လေးပြောပေးပါ သူမကို မချစ်ပါနဲ့လို့း) အချစ်ဟာ မီးပဲ :P

မောင်ပိစိ said...

http://n-ight.blogspot.com/2008/11/blog-post_09.html

:D :D heee..