Tuesday, February 25, 2014
" .............. "
စိတ် …
တိတ်တိတ်လေးခိုက်တယ် …
ရိပ်ရိပ်လေးလွမ်းမိပေမယ့် နက်နက်နဲ ကျွမ်းမိတယ် …
စိတ် …
ပေါ့ပေါ့လေးမျောတယ် …
ဖော့ဖော့လေးတွေးမိပေမယ့် နက်နက်နဲ ဆွေးမိတယ် ….
စိတ် ….
ဆွတ်ပျံ့ပျံ့ ခံစားတယ် …
လှပ်လှပ်လေး ခုန်နေပေမယ့် နက်နက်နဲ ချစ်မိတယ်။
Credit to www.hdwpapers.com
Posted by ကြယ်ပြာ at 9:40 AM 3 comments
Labels: ကဗျာ
" မျိုသိပ်ခြင်း "
တံခါးဝတင်လှည့်ပြန်သွားတယ်
တံခါးလေးတစ်ချက်တောင် ခေါက်မသွားခဲ့ဘူး .......
သူကလဲ သူ့ခံစားချက်တွေကို သိုဝှက်လို့
ကိုယ်ကလဲ ကိုယ့်ခံစားချက်တွေကို သိုဝှက်လို့
ဒီလိုနဲ့ပဲ
တိတ်တဆိတ် လောင်ကျွမ်းသွားတော့မယ် ထင်ပါရဲ့
Posted by ကြယ်ပြာ at 9:31 AM 0 comments
Labels: ကဗျာ
Monday, January 27, 2014
" စိတ် "
စိတ်က သိပ်နူးညံ့တယ်
ကြည်နူးဖွယ်ရာဖြစ်ဖြစ်၊ ညစ်ညူးစရာဖြစ်ဖြစ်
အတွေးတစ်စ ကျလိုက်ယုံနဲ့တင်
လှိုက်တုန်သွားတာများ ငလျင်လှုပ်သလိုလို …..
စိတ်က သိပ်ပျော့ညံ့တယ်
သာယာဖွယ်ရာဖြစ်ဖြစ်၊ လွမ်းမောဖွယ်ရာဖြစ်ဖြစ်
ခံစားချက်လေး တစုံတရာနဲ့တို့ထိမိတာနဲ့တင်
တဖျတ်ဖျတ်ခါသွားတာများ စမ်းချောင်းထဲမှာငါးလေးတွေ ကူးနေသလိုလို …..
စိတ်က သိပ်ပြင်းထန်တယ်
နားကျည်းစရာဖြစ်ဖြစ်၊ ခံပြင်းစရာဖြစ်ြဖစ်
ရှိသမျှမာနတွေ စုပုံပစ်ချထားတာတောင်
ထိရှလွယ်လိုက်တာများ စက္ကူယပ်တောင်လေး တစ်ချပ်လိုလို ….
နောက်ဆုံးတော့ …
စိတ်က လစ်လျူရှုတတ်ခြင်းတွေနဲ့ သူ့ခံစားချက်သူ အဆုံးသတ်ဖို့ ပြင်ဆင်နေလေရဲ့ ……
Posted by ကြယ်ပြာ at 4:29 AM 1 comments
Labels: ကဗျာ

