skip to main |
skip to sidebar
မျက်တောင်မွှေးတဆုံးစာ ကြည်နူးမှုတွေနဲ့ မျက်စိတဆုံးစာ ကြေကွဲရတော့မယ်
အချိန်ရထားကတော့ သူဘာမှ မသိသလိုပုံစံမျိုးနဲ့ ပုံမှန်သွားဆဲ သွားမြဲ …..
ရင်နင့်အလွမ်းတွေကိုတော့ ငါကိုယ်တိုင် ငါ့ကောင်းကင်မှာ စီရရီချိတ်ဆွဲလို့ပေါ့ …
ဒီလိုနဲ့ အလွမ်းတွေ လေးလေးလာလိုက်တာဟာ ငါ့ကောင်းကင်ညွတ်ကျလာတဲ့အထိ ….
တနေ့နေ့တော့ …. အင်း .. တနေ့နေ့တော့
ငါ့ကောင်းကင်ပဲပြိုကျလာမလား … ဒါမှမဟုတ် အလွမ်းတွေပဲ ကျကွဲကုန်မလား ??
ဘယ်ရလဒ်ပဲဖြစ်ဖြစ် ရင်ကွဲနာကျမှာကတော့ အသေအချာပဲ …..
တနေ့နေ့ပေါ့ ….. အဲ့ဒီ တနေ့နေ့ကို
ရောက်လာနိုး မမျှော်ကိုးပေမယ့် ရောက်လာဦးမယ် …… ရောက်လာဖြစ်လိမ့်ဦးမယ် …..
အဲ့ဒီ တနေ့နေ့ဆိုတာများ ရောက်လာခဲ့ရင် ….
ငါ့အလွမ်းတွေသာကျကွဲချင်ကွဲပါစေ …….
ကျေးဇူးပြုပြီး ငါ့ကောင်းကင်လေး နေကောင်းပေးပါကွယ် …. နော် ......
ဟေ့ရောင်
အထီးကျန်မှုကို ပိုးမွေးသလို မမွေးစမ်းနဲ့ …
နင့်ရင်ထဲ ငါရှိနေသရွေ့၊ ငါ့ရင်ထဲ နင်ရှိနေသမျှ
အထီးကျန်မှုဆိုတာ ကြောင်တစ်ကောင်လိုတောင်
ငါတို့နား ပွတ်သီး၊ပွတ်သပ် လုပ်ခွင့်မရှိစေရဘူး …
ချစ်ခြင်း၊ လွမ်းခြင်းတွေမှာ
ကိုယ့်ကိုကိုယ် ရဲရင့်ပစ်လိုက်စမ်းပါ …
မတွန့်ဆုတ်နဲ့ .. ပျာယီးပျာယာမရှိစေနဲ့ ….
"နင့်ကို ငါချစ်တယ် ....."
ကြားလိုက်တဲ့ စကားလုံးတိုင်းအတွက်
မျက်စိမှိတ်ပြီး ကြည်နူးမှုကို ခံယူစေ ….
ပညတ်တစ်ခုမှာ တွယ်ကပ်သွားတဲ့စိတ်တစ်ခု
ဘယ်လောက်ထိအောင် တာသွားလဲဆိုရင်
သူ့ရင်ထဲကလှိုင်းတွေ ငါ့ရင်ထဲအလိုလိုကို ဖမ်းမိလျက်သား။
သူ့ကောင်းကင်များ အုံမှိုင်းလာပြီဆိုရင်
ငါ့စိတ်တွေကအို၊
ငါ့ရင်ထဲမှာ မိုးတွေပဲပြိုကျနေသလိုလို ….
သူ့ညတွေ လမိုက်ပြီ ဆိုရင်
ငါက သူ့ညမိုက်တွေထဲ အစွမ်းကုန်လင်းချင်းပစ်လိုက်ချင်တဲ့
ခပ်တုံးတုံး ပိုးစုန်းကြူးတစ်ကောင်ရယ်ပါ ….
သူ့အပြုံးတွေ အိပ်စက်ပြီဆိုရင်
ငါက သူ့အပျော်တွေကို ပုတ်နှိုး၊
ပျော်ရွှင်မှုတွေနဲ့ သူ့အပြုံးလေးတွေကို နိုးထစေချင်သူပါ ……..
သူ့စိတ်တွေကြည်နူး၊ ပျော်မြူးနေပြီဆိုရင်
ငါက တောက်ပခွင့်မရတဲ့ နေ့ဘက်ထွက်တဲ့ ကြယ်တစ်စင်းဖြစ်နေပါစေ
သူ့အပျော်တွေ ဓါတ်ကူးပြီး သူ့ကို ပြုံးကြည့်နေမိမှာပါ …..