ဖော်ဝဒ်မေးလေးပါ ... သဘောကျလို့ ရှဲလိုက်ပါတယ် ... အနည်းငယ်လောက်ပြုံးဖြစ်သွားရင်ပဲ ကျေနပ်ပါတယ် ...
အင်တာနက်သုံးတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေ အကောင့်တွေ၊ password တွေ လုံခြုံမှုရှိဖို့ က အရေးကြီးလှပါတယ်
အဲလို အရေးကြီးလှတဲ့ အချက်အလက်တွေ ကို သူတပါးလက်ထဲကို ပါမသွားအောင် ထိမ်းသိမ်းဖို့က လည်း မလွယ်လှပါဘူး။
ဒီနေ့ ခေတ်မှာ hacker တွေ၊ hacker ဖြစ်ချင်လို့ လက်တည့်လိုက်စမ်းနေတဲ့လူတွေ ကလည်း များလာတာကြောင့် ကာကွယ်ဖို့ကလည်း အတော်ခက်လာပါတယ်။ အဲဒီတော့ ကျွန်တော် တို့ ရဲ့ ကိုယ်ပိုင် အချက် အလက်တွေကို ကာကွယ်နိုင်မယ့် နောက်ဆုံးပေါ် နည်းလမ်း သုံးမျိုးကို ဖော်ပြလိုပါတယ် ။
ပထမနည်း : ကိုယ်ဘာရိုက်လဲ ဆိုတာ မမြင်ရအောင် ကာကွယ်နည်း။
ဒုတိယနည်း : ကိုယ်ဘာကြည့်နေလဲဆိုတာ သူများမမြင်ရအောင် ကာကွယ်နည်း။
တတိယနည်း : ရိုက်တာရော ကြည့်တာရော ဘာမှ မမြင်ရအောင် ကာကွယ်နည်း။

Monday, July 20, 2009
ကိုယ်ပိုင်အချက်အလက်တွေလုံခြုံစေဖို့
Posted by ကြယ်ပြာ at 8:48 AM 5 comments
Labels: ဟိုဟိုဒီဒီ
Monday, July 13, 2009
ကိန်းညွှန်းတစ်ခုထဲက ကျုပ်
လူတွေကဗျာ ကျွန်တော့်ကိုဆို အကောင်းမမြင်ကြဘူး … ကျွန်တော်နဲ့ဆုံရင်ပဲ သူတို့မှာ ထိတ်သလိုလို၊ လန့်သလိုလိုနဲ့ တကယ်ကကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး … ဂဏန်းလေးတစ်လုံးရယ်သာပါ …. ရေတွက်စဉ်တွေထဲက သင်္ချာနာမ ကိန်းညွှန်းလေးတစ်ခုပေါ့ … လူတွေက စေ့စေ့မတွေးကြလို့ပါ … လူတွေထွင်မှဖြစ်လာတဲ့ ကျွန်တော့်လိုဂဏန်းလေးတစ်လုံးက လူတွေရဲ့ကံကြမ္မာကိုစိုးမိုးနိုင်ပါ့မလားဗျာ ….
လူတွေက ရယ်လဲ အတော်ရယ်ရသဗျ … ဟိုတနေ့ကပေါ့ နံရံပေါ်ကပြက္ခဒိန်လေးထဲမှာ ကျွန်တော် နှပ်နေတုန်း စကားပြောသံကြားလို့ ဘာရယ်မဟုတ်နားစွင့်လိုက်မိတယ်လေ …. ကောင်မလေးနှစ်ယောက် အချီချပြောနေသံလေးပေါ့ …
တစ်ယောက်က “ငါဟယ် … ဒီနေ့ အလုပ်လုပ်ရတာ တစ်ခုမှအဆင်မပြေဘူး …. အလွဲအချော်တွေချည်းပဲ ”
နောက်တစ်ယောက်က “နင်ကလဲ ဒီနေ့ ၁၃ရက်နေ့မို့နေမှာဟ … ၁၃ ဂဏန်းက လာဘ်မကောင်းတတ်ဘူးလေ”
အလိုဗျာ … နေရင်းထိုင်ရင်း ၁၃ က အပြစ်ဖြစ်နေပါရောလား …. စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ထွက်သွားဖို့ပြင်တယ် …
သူတို့နဲ့ ခပ်လှမ်းလှမ်းက စားပွဲတင်ပြက္ခဒိန်လေးထဲ ကျွန်တော်ဝင်နေလိုက်တယ် ….ဟော .. ခဏနေတော့ လူနှစ်ယောက်ဝင်လာတယ် …
လူကြီးက စိတ်ပျက်လက်ပျက်နဲ့ “ကျုပ်ဗျာ ဗိုက်နာလို့ ကားအမြန်ရောင်းထွက်ချင်ပါတယ်ဆိုမှ ၀ယ်လက်က ၁၃ ရက်နေ့မို့ ငွေမချေချင်ဘူးတဲ့ဗျာ နောက်ရက်ရွှေ့လိုက်တယ် … ကျွတ်စ်”
ကြားရပြန်ပြီ ဒီ ၁၃ ….. ၁၃ ကိုကြောက်လို့ရှောင်ရင်းနဲ့ အလုပ်တွေအကိုင်တွေပျက်နေကြတာပါလား ….
ကျွန်တော်တွေးမိတယ် … ၁၃ မဟုတ်တဲ့ တခြားရက်တွေတိုင်းရော အဆင်ပြေနေတာကျလိှု့ဗျာ …. ၁၃ ရက်နေ့မှာ တခုခုများ မဖြစ်လိုက်နဲ့ … ဒီ ၁၃ ကြောင့်ဆိုတာ လူတိုင်းပါးစပ်ကမချဘူး … အဲ ကောင်းတာလေးဖြစ်ကြည့် ချီးကျူးဖော်မရဘူး ….. လူတွေက တကယ်တော့ အလကားပါဗျာ …. ထစ်ကနဲရှိ ဘာကို အပြစ်ပုံချရမလဲဆိုတာရှာပြီ …. ကိုယ်ဘာလိုနေသလဲဆိုတာမကြည့်ဘူး …. အဓိကနဲ့ သာမညကို လူတွေမခွဲတတ်သေးပါဘူးဗျာ ….
Posted by ကြယ်ပြာ at 8:37 AM 11 comments
Labels: အက်ဆေး
Saturday, July 11, 2009
လွမ်းတယ်
တမ်းတ တတနဲ့
လွမ်းရက်တွေပဲ တိုးတယ်
ဆုံနိုင်ခွင့်တွေကတော့ အလှမ်းဝေးဆဲ
တနေ့နေ့ပေါ့လို့
ပြောရဖန်လဲများလို့
မျှော်လင့်ချက်ပန်းပင်လေးတွေတောင်
မသိမသာညှိုးလာလိုက်တာဆိုတာလေ
ပန်းပျိုးသူရင်မချိတာပဲ အဖတ်တင်ပါတယ် …
ထပ်တလဲလဲ နားထောင်မိတဲ့သီချင်းတွေကလဲ
အလွမ်းတွေကို အတောင်တပ်
လေအနှံ့ဖြန့်ဝဲပေးနေသလိုလို ….
မှုန်မှိုင်းမှိုင်း အုံ့ဆိုင်းဆိုင်း
ရာသီကလည်း အလွမ်းဇာတ်ကဖို့အတွက်
အားပေးအားမြှောက်လုပ်လို့ပေါ့ …
လွမ်းတယ် ချစ်သူရယ် …
မင်းကို ငါ အရမ်းလွမ်းတယ် ….
Posted by ကြယ်ပြာ at 5:08 AM 14 comments
Labels: ကဗျာ