Tuesday, December 2, 2008

တစ်ရက်၊ နှစ်ရက်မမြင်ရဘူး ....


နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး
အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ
သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို
တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့
ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး
လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း
မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။
သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ
စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ
တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊
ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..
သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်"

အံ့ဖွယ်မြန်မာ


“ဘာပြောတယ် လော်ရာ”

“စိတ်မ၀င်စားဘူးလို.ပြောတာပါ ဒယ်ဒီ”

“မရဘူး သမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ဗမာစကားမတတ်လို.မရဘူး”

“ဒါဆိုလည်း နောက်မှတက်မယ် ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ. ဂျပန် ယဉ်ကျေးမှုအတန်းတွေ တက်ရဦးမယ်”

“အဲ.ဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို.ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ.ဆီသွားလို.ရပြီ။ မင်းလုပ်ချင်တဲ.အလုပ် လုပ်လို့ရပြီကွ”

“အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ”

“၀င်ပြီလား သမီး။ ကဲ .... မင်းဗမာစာ၊ဗမာစကားတတ်ပြီ ဆိုပါတော. ပထမဆုံး မင်း ရန်ကုန်က မာစတာတန်းတွေတက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း၊စာခန့်တွေဖတ်လို့ရမယ် ... ပြီးတော့ ....”

“ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့ ”

“ဘာကွ ..... အေး .... ၂၀၀၀ ပြည်.နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ”

“သိပ်တော့မထူးပါဘူး”

“ဟာ ...သိပ်ထူးတာပေါ့ သမီးရယ် ။ ကဲ .... ဒယ်ဒီပြောမယ်... နားထောင် ။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် မိုက်ခရိုဆော.ရဲ့ ၀င်းဒိုး ပုပ္ပါးကို မင်းဘယ်လိုသုံးမလဲ ။ ထားပါတော. မင်းက အိုးပင်းဆို. လို. ။ လင်းနက်ရဲ့ ဟင်္သာရောင်အပိုင်း(၆) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .....
အလုပ်လုပ်လို.မကောင်းတော.တဲ. ၀င်းဒိုး ဗစ်စတာ နဲ.နေခဲ့ချင်ရင်တော. မင်း အမေရိကကို သွား .. ခေတ်ရှေ.ပြေးနေတဲ. အရှေ.တောင်အာရှကိုတော. မလာလေနဲ.။ နောက်ပြီး ဆဲလ်ဖုံးနဲ. မြေပုံစနစ်တွေမှာဆိုရင် မင်းဗမာစာ မတတ်တာနဲ.သုံးရခက်ပြီ”

“ ဘာဆိုင်လဲ ဒယ်ဒီရာ”
“ဆိုင်တာပေါ. .... တက်ခ်ျစကရင် နဲ. အသံကွန်မန်း တွေသုံးထားတဲ. (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ”

“ဆိုနီနဲ. နိုကီယာကတော. အင်္ဂလိပ်လိုသုံးပါသေးတယ်”

“ဒယ်ဒီသိပြီ။ ငါ့သမီးက ၀ိဇ္ဇာတန်းတက်ပြီး ခေတ်နဲ.မျက်ခြေပြတ်နေတာကိုး။ မင်းပြောတဲ. တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော.ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ. ဆသရ အရောင်းမြှင်.တင်ရေးပွဲကို အမ်အာတီဗွီ ၂၃ က တိုက်ရိုက်လွှင်.လို. ဒယ်ဒီကြည်.လိုက်ရတယ်။

သိပ်ကိုကောင်းတဲ. လက်ကိုင်ဖုံးတွေပဲ သမီး။ နိုကီယာဆိုတာ ကလေးကစားတာပါကွာ။ ကဲ .... ဒီတော. သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင် လိုက်ခဲ.တော.. ဟုတ်ပြီလား ။”

“ဗမာပြည်ဝင်ခွင်.ဗီဇာက ထင်သလောက် မလွယ်ဘူးနော် ။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”

“ဒယ်ဒီက တောင်ငူမှာလုပ်မယ်. လေယာဉ်ပြပွဲကိုသွားမယ် ။ ဗမာပြည်လုပ် မိုးယံဆင် ငါးထပ်လူစီး လေယာဉ်ကို အဓိကကြည်.ချင်လို.ပါ ။ အဲ.ဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော. တောင်ပံတွေလဲခေါက်သိမ်းနိုင်တယ်တဲ.။ သမီးပါရင်တော. ရန်ကုန် မြကျွန်းသားပန်းခြံထဲက ရေအောက်ပြခန်းမှာ လုပ်မယ်. စက်ရုပ်အလေးမပြိုင်ပွဲ ၀င်ကြည်.မလားလို.လေ”

“စိတ်ဝင်စားဖို.တော.ကောင်းသားပဲ .....ဒါနဲ. အစားအသောက်က အဆင်ပြေပါ.မလား ဒယ်ဒီ”

“ဟား ဟား ... ငါ.သမီးက သူ.အမေနဲ.တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာ သမီး ... ဗမာပြည်မှာမရတာမရှိဘူး ။ သမီးဘာစားချင်လဲ ။ အဆူးမပါ အနံ့ကင်းတဲ. ၂၁၁၄ ခုနှစ်စတိုင်ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ. လေးထောင်.ပုံကြက်ဆင်ဥလား၊ လေဆာနဲ. အရိုးတွေကိုချေပြီး တကောင်းလုံးဝါးလို.ရအောင်လုပ်ထားတဲ. ငါးသလောက်ပေါင်းလား၊ ဥရောပသားတွေအတွက် သီးသန်.လုပ်ထားတဲ. အဖြူရောင် ပုန်းရည်ကြီးလား ... ဒါမှမဟုတ်....”

“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .... သွားရေး၊လာရေးနဲ. ဆက်သွယ်ရေးက... ”

“သမီး .... သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆိုကတည်းက ဒါတွေ ထည်.စဉ်းစားဖို.မလိုဘူးလေ ။ လေယာဉ်ပေါ်ကဆင်းတာနဲ. အောက်ဆီဂျင်စစ်စစ် ထည်.ထားတဲ. လေရှုဗူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ. ဦးထုပ်နဲ. မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင်.တော. သမီးမပူရတော.ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ. ကားတံခါးကို လာကပ်မယ်Tube တွေရှိတယ်။ အဲ.ဒီအပေါ်ခြေထောက်ချလိုက်ရုံနဲ. အလိုလျောက်ရွေ.လျားပြီး သမီးကို ရီဆက်ရှင်းကို ပို.ပေးလိမ်.မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ. ဟိုတယ်ဝန်ထမ်းတွေစောင်.နေလိမ်.မယ်။ နောက် ... ဘာတဲ. .... ဆက်သွယ်ရေး ဟုတ်လား .... ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ. အင်တာနက်ကွန်နက်ရှင် ရပြီ ။ ဂျီအက်စ်အမ်တွေသယ်လာရင် ပြောလို.ရပြီ။ အဲ...ကိုယ်.ဖုံးယူလာဖို.မေ.လာရင်လည်း မပူပါနဲ. ။လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို လိုက်ဝေနေတဲ.ချာတိတ်တွေရှိတယ် ...ကြိုက်တဲ. ဆင်ကဒ်ရွေးယူ။ ဟန်းဆက်ကတော. ထုတ်ထားတာ နှစ်ပတ်ကြာတဲ. မော်ဒယ်ဆိုရင် အလကားယူလို.ရတယ်လေ။ အများစုကတော. ဆသရ လို.ခေါ်တဲ. တံဆိပ်တွေပေါ. လေ ...”

“အော ... ကောင်းလိုက်တာနော် ။ ဒါနဲ့ အစိုးရနဲ.နိုင်ငံရေးကရော ... ”

“အစိုးရ ... အစိုးရ ... ဒီ အစိုးရကတော.ကွာ .... ဒယ်ဒီပြောမယ် ... ဒီလိုရှိတယ် ...”
ထိုစဉ် .... “ဆိုက်ကားအားလား” ဟူသော ခရီးသည် အသံကြောင်. ကျွန်တော်လည်းလန်.နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို.လေတော. သတည်း ........

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်၏ ဖော်ဝဒ် မေးလ်မှရတာကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ကျွန်မရင်ထဲမှာလဲ ကျွန်မတို့နိုင်ငံကို တကယ်ဒီလိုနိုင်ငံမျိုးဖြစ်စေချင်ပါတယ် ...

Monday, December 1, 2008

ရင်ဖွင့်သူ



ခံစားချက်တိုင်းကိုသာ
ဖောက်ခွဲခွင့်ရခဲ့ရင်
ငါ့လောက်နေပျော်သူ
ကမ္ဘာမှာရှိမယ်မထင်ဘူး …..

မျိုသိပ်ခြင်းဆိုတာ
ကောင်းတဲ့အရာတစ်ခုလို့
ဘယ်တုန်းကမှ မထင်ခဲ့ပေမယ့်
ငါဟာ မျိုသိပ်ခြင်းနဲ့ ရင်းနှီးခဲ့တယ် …..

တခါတခါ
စိတ်ရှိတိုင်းလုပ်လိုက်ချင်ပေမယ့်
ငဲ့ညှာစရာတွေက
ငါ့ခေါင်းထဲပေါ်ပေါ်လာတယ် ….

လူတွေက ငါ့ကို
“အနစ်နာခံတတ်သူ” တဲ့ ……
နာမည်ကောင်းပေမယ့်
ငါ့ရဲ့ခံစားချက်တော်တော်များများကို
သဂြိ င်္ုလ်ပစ်လိုက်ရတာတော့
ရင်မချိစွာနဲ့ပါပဲ ….