Monday, June 25, 2012

လွမ်းဖြေ


ပင်ရိပ်ဝါးရိပ် တောအရိပ်ဝယ်

ညချမ်းချိန်ခါ ငွေသော်တာငဲ့

တိမ်ကြိုတိမ်ကြား ပုန်းသလား ကွယ်။    ။


မပီတလှည့် ပီတလှည့်နဲ့

ဝိုးတိုးဝါးတား လင်းအားငယ်ကို

သည်မယ်မျှော်လို့ ကိုးမိတယ်။    ။


သစ်ရွက်ခတ်သံ တိုးသက်ညံသည်

ညင်သာတိတ်တိတ် စိတ်အရိပ်ဝယ်

ကလူသလို မြူသလိုတည့်။    ။

For Image: Credit to http://cs.astronomy.com

11 Comments:

အလွမ်းမြို့ said...

ကြယ်ပြာလေးရေ။
မကြီးလွမ်း ကဗျာလေး လာရောက်ဖတ်ခဲ့တယ်။
အားပေးခဲ့တယ်။ ရေးတတ်လိုက်တာ။
ပျော်ရွှင်ပါစေ



ခင်မင်တဲ့
မကြီးလွမ်း

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်..
ကြယ်ပြာရေ ပျောက်နေတယ်နော်..
အဆင်ပြေတယ်ဟုတ်

mstint said...

ကြယ်ပြာရဲ့ ဘလော့လေးကို ရောက်ဖူးသွားပြီ။
လည်ဘို့အိမ်တစ်အိမ်တိုးသွားလို့ ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

တကယ်ကိုကဗျာစစ်စစ်လေးဖတ်ခဲ့ရတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးကို ခံစားသွားပါတယ် ညီမလေး ကြည်ပြာရေ..

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

နေမင်း said...

ခံစားလို့ကောင်းတဲ့ ကဗျာလေးပဲ အမရေ...
နောက်ထပ်ကဗျာ အသစ်တွေမျှော်နေမယ်ဗျာ....:)))

Yin Sue said...

ကြယ်....ကဗျာလေးလန်းသဟ.........ရေးတတ်လိုက်တာ...

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

thaingarra said...

ကုန်းဘောင်ခေတ် လိုလို အင်းဝခေတ် လိုလိုပဲ ... :)

san htun said...

ကဗျာလေးက လှတယ်..

Moe Myint Tane said...

အလွမ်းတွေ ဖြေနိုင်ပါစေဗျာ.


မိုးမြင့်တိမ်