Wednesday, June 20, 2012

နှလုံးသားရှင်တဲ့နေ့


For Image: Credit to sodahead.com

အဲ့ဒီနေ့က

  နေပူသလား၊ မိုးရွာသလား ကျနော်မသိ ….

အဲ့ဒီနေ့က

  သောက်နေကျ ကော်ဖီတွေ ချိုသလား၊ ခါးသလား ကျနော်မသိ …

အဲ့ဒီနေ့က

  ကျနော် အသက်ရှုမိသလား၊ မရှုမိသလား ကျနော်မမှတ်မိ ….

သေချာတာကတော့ အဲ့ဒီနေ့က

  ကျနော့ရင်ထဲ လမင်းတစ်စင်း ချဉ်းနင်းခဲ့တယ် ….

  သူမရဲ့ အပြုံးတစ်ပွင့်လည်း လန်းလန်းဆန်းဆန်း ရခဲ့ဖူးရဲ့ …

  ဆည်းလည်းသံချို ရယ်သံအောက်မှာ

  ကျနော့ နှလုံးသားတွေလည်း ဂျွမ်းထိုးမှောက်ခုံ ဖြစ်လားဖြစ်ခဲ့ရဲ့ …

  မျက်ဝန်းနက် အကြည့်တစ်ချက်မှာတင်

  သေနေတဲ့နှလုံးသားက ၀ုန်းခနဲ ထခုန်တယ် …

  “Love at first sight” တဲ့ …

  ဒီစကားကို ယုံကြည်စေခဲ့တဲ့အတွက်

  ကျနော့ရဲ့ နတ်သမီးကို သိပ်ကျေးဇူးတင်တယ် …..


မှတ်ချက် - ဒီကဗျာကို သူငယ်ချင်းတစ်ယောက်က သူ့ခံစားချက်တွေပေးပြီးရေးခိုင်းလို့ လက်တန်းချရေးမိတဲ့ကဗျာလေးပါ။ ကိုယ်ရေးထားတာလေး အမှတ်တယ သိမ်းထားချင်လို့ ဘလော့မှာတင်ပါတယ်။

7 Comments:

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကဗျာလေးကရိုးရိုးရှင်းရှင်းလေးနဲ့ဖတ်လို့ကောင်းတယ်

သိ င်္ဂါ ရ said...

ကျွန်တော့် ရဲ့ နတ်သမီးလေးကို

ကျွန်တော်လည်း ကျေးဇူးတင်မိနေတယ်

မကြယ်ပြာ ... :)

ဖြိုးဇာနည် said...

တကယ့်အပြင်က သက်ပြင်းလေးပါလား
ပေါ့ပေါ့လေးနဲ့ ပြင်းထန်လေရဲ့

စံပယ်ချို said...

ဖြစ်တတ်ပါတယ် ချစ်သူကိုစစတွေ့တဲ့နေ့လေးပေါ့

San San Htun said...

ကဗျာလေးမှာ အချစ်ရနံ့ တွေ မွှေးထုံနေတယ်..

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too :http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

Unknown said...

ကြိုက်တယ်ေ၇းထားတာ အ၇မ်း လန်းတယ်