Sunday, December 27, 2009

အလွမ်း


[ပုံလေးကို ဒီက andrewsullivan.theatlantic.com ယူထားပါတယ်]


လွမ်းတယ်ကွယ် …

တိမ်ပြာရီရီ နဲ့ ညနေဆီရောက်ရင်လည်း
လွမ်းတယ် ….

လေပြေငယ်ဆော့မြူး တသုန်သုန်ဖြူးတိုင်းလည်း
လွမ်းတယ် ….

ပြိုမလို ညိုတလှည့်နဲ့ တိမ်တွေညှို့ဆိုင်း မှိုင်းလာရင်လည်း
လွမ်းတယ် ….

ရွက်ခြောက်ငယ်တွေ လေပြေနဲ့တွဲကတာမြင်ရင်လည်း
လွမ်းတယ် …

သည်းတချို့ ဖွဲတချို့ မိုးစက်ငယ်တွေ ခုန်ပေါက်ဆော့ကစားတာမြင်လည်း
လွမ်းတယ် …

ကမ်းစပ်ကို ခိုးနမ်းသွားတဲ့ လှိုင်းခေါင်းဖြူတွေကိုကြည့်ရင်းလည်း
လွမ်းတယ် ….

လလေးရေးရေး မကွေးတကွေးကို ကြည့်ရင်းလည်း
လွမ်းတယ် …..

သူတစ်လူ ငါတစ်မင်းနဲ့ တောက်ပနေတဲ့ ကြယ်စင်အစင်းစင်းကို ကြည့်ရင်းလည်း
လွမ်းတယ် ……

လှိုင်းခတ်သံကို တိတ်တခိုးနားဆင်ရင်းလည်း
လွမ်းတယ် …

လွမ်းတယ်ကွယ် … .ငါ မင်းကို အရမ်းလွမ်းတယ် …


15 Comments:

အိုက်ခီလောက် said...

အင်း မမကြယ်ပြာ လေးလွမ်းနေရှာတယ်
ရင်ကို ဝဲဂရက် ထအောင်လုပ်သွားတဲ့ လူကလည်းနော်
မတွေ့ တာတောင်အတော်ကြာနေပါပေါ့ အမရာ
နေကောင်းနေလားဗျ အဆင်ပြေပါစေနော်
ဆုတောင်းပေးလျှက်ပါ နှစ်သစ်နဲ့ အတူမှာ

Anonymous said...

လွမ်းနေတဲ့သူရဲ့ အိမ်မှာ လွမ်းနေဆဲ လူတစ်ယောက် က အလွမ်းတွေနဲ့ ခံစားရေးခဲ့ပါတယ် မမကြယ် လွမ်းဆွေးခြင်းကင်းဝေး မျှော်လင့်ချက်လေးတွေ နဲ့ ဆုံးဆည်းနိုင်ပါစေလို့ ကိုယ့်ကိုယ်ကို အားပေးရင် မမကိုပါ အားပေးသွားပါတယ်ဗျာ

မိုးစက်အိမ် said...

အလွမ်းတွေ ပြင်းထန်နေပုံများ ကဗျာလှိုင်းတွေ
တောင် တလိပ်လိပ် တက်သွားရတယ် . . .

သူကြီးမင်း (တုံးဖလား) said...

ညီမ..
အရမ်းလွမ်းနေပြီထင်တယ်။
အကိုတောင် ညီမစာတွေဖတ်ပြီး တစ်ယောက်သောသူကို အရမ်းလွမ်းသွားမိတယ်။

Welcome said...

အဟမ်း အဟမ်း
ဆောင်းမိုးရှောင်ကာမှ
အလွမ်းမိုးနဲ့ လာတိုးနေတယ် ..

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ

desertraindrops said...

ကြယ်ပြာ လွမ်းနေရှာတယ်။ အဆင်ပြေရဲံ့လားဟ။ မတွေ့တာ ကြာနေပြီ။
အလါမ်းတွေ ပြေပျောက်ပါစေ။

phoechan said...

အမတစ်ယောက် အလွမ်းတွေပိပြီး မစားနိုင် မအိပ်နိုင် ဖြစ်နေသလိုပဲ။ ပိန်သွားလိုက်တာများ။ ကျန်းမာရေးလည်း ရရုစိုက်။ စိုးရိမ်ရတယ်။

သုခုမလေဒီ said...

ဒီရာသီလေးက အလွမ်းဓါတ်ခံရှိသူများအတွက်လား မသိဘူး။း))
လွမ်းစရာမရှိပဲကိုလွမ်းချင်နေတား)) အလွမ်းကဗျာလေးကောင်းတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

ကိုလူထွေး said...

ကောင်းကင်ပြာကလည်း အခန်းဆက်နဲ့လွမ်းပြတယ်...

အခုလည်း ကြယ်ပြာက လွမ်းပြန်ပြီ...

မျက်စိထဲမှာတော့ “မြင်မြင်ရာ“ ပြာနေလေရဲ့...

းဝ)

နွေဆူးလင်္ကာ said...

အလွမ်းမင်းသမိးလေးပေါ့။

ဇွန်မိုးစက် said...

အလွမ်းတွေနဲ့ကြယ်ပြာ...။

တလနွန် said...

အစ်မရေးတဲ့ကဗျာလှလှလေးကို တကယ်နှစ်ခြိုက်တယ်။ လွမ်းတယ်ပေါ့ :)

မြစ်ကျိုးအင်း said...

ကဗျာဖတ်ပြီး ဘာလွမ်းရင်ကောင်းမလဲ စဉ်းစား တာ အိမ်ကို လွမ်းသွားမိတယ် အရင်နှစ်တွေက ဒီလို ၃၁ ရက်နေ့တွေဆို တက်ကြွနေကြတာလေ

နှစ်သစ်မင်္ဂလာဖြစ်ပါစေ

Melody said...

ဖတ်ပြီး လွမ်းသွားတယ်

Melody said...

ဖတ်ပြီး လွမ်းသွားတယ်