ခုတလောအချိန်အားလေးနည်းနည်းရရင် မြန်မာဗွီဒီယိုကားလေးတွေကြည့်ဖြစ်တယ် …
နောက်ပြီး ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေက ခေတ်ရဲ့အရိပ်ကိုတကယ်ပဲထင်ဟပ်စေသလားဆိုတာ လည်းကျွန်မတွေးမိတယ် .… တကယ်လို့ ထင်ဟပ်စေတယ်ဆိုရင်တော့ ကျွန်မစိတ်ထဲမှာ အနည်းငယ်တော့ ဘ၀င်မကျချင်သလိုလိုပါပဲ …
ခုတလောကြည့်မိတဲ့ကားလေးတွေထဲမှာ “Club” သွားမယ်ဆိုတဲ့ စကားကို ခဏခဏပြောကြတယ် …. ကလပ်မှာ ကတဲ့အခန်းတွေတော်တော်လေးပါကြတယ် … ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူငယ်တွေတင်လားဆိုတော့လည်း မဟုတ်ပြန်ဘူး ….. သာမန်ဝန်ထမ်းအနေနဲ့သရုပ်ဆောင်သူတွေကလဲ ကလပ်သွားမယ် … ကမယ် .. .အကြောတွေလျော့မယ်တဲ့ …. တကယ်ပဲ မြန်မာပြည်ကလူငယ်လေးတွေ အဲ့လိုဖြစ်နေကြသလားကျွန်မသိချင်လာတယ် … အဓိကကတော့ မိန်းကလေးတွေပါ … ခေတ်နောက်ကျကျန်နေတယ်လို့ပြောရမလား၊ အမြင်ကျဉ်းတယ်လို့ပဲဆိုရမလားပဲ ဒီကလပ်သွားတယ်ဆိုတဲ့ကိစ္စကို မိန်းကလေးတွေအတွက် သဘောမကျတာတော့အမှန်ပဲ …. သွားဖူးလို့လားလို့ မေးရင် ကျွန်မတစ်ခါမှမသွားဖူးပါဘူး …. အမြင်နဲ့တင် စိတ်ကသိကအောင့်နိုင်လွန်းလို့လို့ပဲဖြေရမယ်ထင်ပါတယ် …. မသွားဖူးပဲနဲ့လာပြောနေတယ်လို့ဆိုရင်လဲ ကလပ်ကိုမိန်းကလေးတွေသွားခြင်းရဲ့ ကောင်းကျိုးလေးတွေတော့ သိချင်ပါတယ် … ကျွန်မကဆိုးကျိုးတွေပဲမြင်နေလို့ပါ …. ကျွန်မအသိကောင်လေးတစ်ယောက်ကို ကရတော့ဘယ်လိုနေလဲ … ဘာဖြစ်လို့သွားတာလဲလို့ မေးကြည့်ဖူးပါတယ် … သူကပြောတယ် စိတ်လွတ်ကိုယ်လွတ် ခုန်ပေါက်ကရတော့ စိတ်တွေပေါ့ပါးသွားတယ်တဲ့ …. မိုက်မိုက်လေးတွေလဲတွေ့ရတယ်တဲ့ … ယောက်ျားလေးတွေအတွက်တော့ မဆိုးလှဘူးပေါ့ …. ဆေးချ၊ ဖဲရိုက်၊ အပျော်အပါးလိုက်နေတာထက်စာရင်တော်သေးတယ်လို့ပြောလို့ရပါသေးတယ် …
ဒီနေ့ညကြည့်မိတဲ့ကားမှာကရင်းနဲ့ပြသနာတက်ကြပါတယ် …. ဘာလို့လဲဆိုတော့ ကတဲ့ ယောက်ျားလေးတစ်ယောက်က ကနေတဲ့မိန်းကလေးကို တင်ပါးကိုင်လိုက်လို့တဲ့ ….
ကောင်မလေးတွေက နင်ဘာလုပ်တာလဲဆိုတော့ မသိချင်ယောင်ဆောင်ပြီး ဘာလုပ်လို့လဲတဲ့ …. ဒီမှာ ကောင်မလေးတွေကဒေါပွပြီး နင်ငါ့ရဲ့-င်(ဒီလိုစကားလုံးမျိုးကိုလဲ ဆင်ဆာကခွင့်ပြုပါတယ်) ကို ကိုင်လိုက်တယ်လေဆိုတော့ … ကောင်လေးဖြေပုံက ကောင်မလေးကဖျားယောင်းလို့ ကိုင်လိုက်သတဲ့လေ …. ကျွန်မစိတ်ထဲအတွေးတွေထပ်ဝင်လာပြန်တယ် … ကနေတဲ့ထဲမှာ လူကောင်းတွေရှိနိုင်သလို၊ အခွင့်ရေးသမားတွေလဲရှိနိုင်ပါတယ် … ဒီလိုကိစ္စတွေမဖြစ်ဘူးလို့ ဘယ်သူမှအတပ်မပြောနိုင်ဘူးလေ။ ဖြစ်လာခဲ့ရင်လည်း ဒီလောက် ရှုပ်ရှက်ခတ်နေပြီး မှိတ်တလှည့် လက်တလီမီးရောင်ထဲဝင်ကတော့ အကိုင်ခံရတာနည်းသလားလို့ ပြောရမလိုဖြစ်နေပြီ ….
ကျွန်မတို့တွေ ကားကျပ်ကျပ်ကို လူချင်းထပ်စီးနေရတာတောင် တတ်နိုင်သလောက် အိတ်တွေ ထမင်းဗူးတွေနဲ့ကာပြီး မတတ်သာလို့သာ စီးကြရတာပါ …. ခုတော့ အထိ အကိုင်ခံချင်လို့လူကြားထဲဝင်တိုးကြသလားလို့တွေးရမလိုဖြစ်နေပြီ ……
Mero Yatra နီပေါသွား တောလား - ၆
-
၂၀၂၄ နိုဝင်ဘာ ၁၆ Kurintar မှာတည်းတဲ့ Summit River Lodge ဘေးမှာ Trishuli
မြစ်လေး စီးဆင်းနေတယ်။ တောင်ခိုးတွေနဲ့ မှုန်ရီမှိုင်းပြီး
နေပျောက်မထိုးနိုင်ဘူး လွ...
6 days ago
17 Comments:
ကလပ်တက်တဲ့ မိန်းကလေးတွေကိုတော့ ဘယ်လို နားလည်ပေးရမလဲ မသိပါဘူး အစ်မရာ။ ကိုယ်ကပဲ အမြင်ကျဉ်းနေတာလား မသိတော့ပါဘူး။ ကလပ်သွားပြီး သီချင်းသံနဲ့ စိတ်လွတ်ကိုယ်လါတ်ခုန်ပေါက်ဖို့ ကိုယ်တိုင်ဝါသနာမပါတာကြောင့်လည်း ဖြစ်မယ်ထင်ပါရဲ့
ဟဲဟဲ....မကြယ်ရဲ့ခေါင်းစဉ်ကိုဖတ်လိုက်
ကတည်းက ဘာကားလဲဆိုတာတန်းသိ
လိုက်တယ်ဗျာ....အဲဒီကားကြည့်တုန်းက
ကျနော်လည်းတော်တော်ကြီးကိုထူးဆန်း
သွားပြီး "ဟား" ခနဲဖြစ်သွားတယ်း)
ဘယ်လို ထင်ရမလဲပေါ့နော်။
နည်းတောင်နည်းသေးတယ်လို့ထင်ရမလား
ကလပ်တက်တဲ့ မိန်းကလေးက အပြစ်ပဲဗျ။
ဒီနေရာက ဒါမျိုးများတာကို သိလို့ သွားပြီမှ
ငါဘာကောင်လဲ နင်ဘာကောင်လဲမပြောတာ အကောင်းဆုံးပဲ။
မိန်းကလေးတစ်ယောက်အနေနဲ့ မသွားတာ အကောင်းဆုံးပါ။
သွားချင်ရင်တော့ ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့
သွားတာပိုပြီး သင့်တော်ပါတယ် လို့
ခင်တဲ့ ရီနို
ညီမရေ.. ရုပ်ရှင်ကားနာမည်က ဘာတဲ့လဲ.. ;P
အခုတလော အမလည်း မြန်မာရုပ်ရှင်တွေ တော်တော်များများကြည့်ဖြစ်တယ်.. ကြည့်လိုက်ရင်လည်း ရုပ်ရှင်ထဲမှာလေ ကလပ်သွားကြတာများတယ်။
KSS ကိုတောင်ပြောဖြစ်သေးတယ်.. တို့နိုင်ငံ အဲဒီလောက် တိုးတက်နေပြီလား မသိဘူးလို့.. ကလပ်သွားတာကို လက်ဖက်ရည်ဆိုင် သွားသလိုကို သွားနေကြတာ ရုပ်ရှင်ထဲမြင်နေရတယ်လို့ ပြောမိတယ်.. အမတို့ဆို အဘွားကြီးလို့ ခေါ်လို့ရနေပြီ.. အခုခေတ် ကလေးတွေကို လိုက်ကို မမီတော့ဘူး.. ရင်မောရပါ့.. :-(
ကျွန်မတို့လည်း ခေတ်နဲ့ ဒီလောက်မပြတ်ပါဘူး ဒါပေမယ့် ခုခေတ်ကလေးတွေကတော့ လွန်သလိုပဲ ကလပ်တက်မှ ခေတ်မှီသလိုပဲ မမှီလည်းနေပါစေတော့ :)
အဲဒီဗွီဒီယိုကားကိုကြည့်ရတာ စိတ်ကူးယဉ်မှုတွေ များပြီး လူတစုလူတသိုက်အတွက်ပဲ ရည်ရွယ်ပုံရပါတယ်။ များသောအားဖြင့် နိုင်ငံတကာရုပ်ရှင်တွေက ဇာတ်ဝင်ခန်းတွေ ဇာတ်ဆောင်စရိုက်တွေ ဇာတ်လမ်းဆင်မှုတွေကို အတုယူထားတာဖြစ်ပြီး မြန်မာလူနေမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပုံမရပါဘူး။
သာမာန်လူတန်းစား ရိုးရိုးသားသား ရှာဖွေလုပ်ကိုင် စားသောက်ကြသူများ အတွက်တော့ ကလပ်ဆိုတာကို ကြေးကြီးတာနဲ့တင် အနားကပ်နိုင်ကြမယ် မထင်ပါဘူးလေ...
ဒီလို မပျော်ပါးအပ်တဲ့ နေရာတွေ တိုးပွားလာရတာကလည်း အုပ်ချုပ်သူတွေက လူငယ်တွေ သူတို့ကို ဝင်မရှုပ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ခွင့်ပြုထားခဲ့လို့လည်း ဖြစ်ပါတယ်...
အနောက်နိုင်ငံတွေမှာတော့ ငယ်ငယ်ကတည်းက လူအချင်းချင်း လေးစားတတ်အောင် သင်ကြားလာခဲ့ရတော့ ရုပ်ရှင်ထဲမှာလို မိန်းကလေးမြင်တိုင်း -င် ကိုင်ချင်တဲ့သူ ရှားမှာပါ...
နေ့အိပ်မက်လည်း ကလပ်တစ်ခါမှမသွားဖူးပါဘူး ဒါပေမဲ့ ကလပ်သွားတဲ့မိန်းကလေးတိုင်း ဆိုးသွမ်းနေတာတော့လည်း မဟုတ်ဘူးရှင့်.. ကိုယ့်စိတ်ထွက်ပေါက်အနေနဲ့ ကလပ်သွားပြီး နိုင်ငံအကျိုးပြုနေတဲ့ လူငယ်တွေအများကြီး မြင်ဖူးလို့ ဒီလိုပြောရတာပါ... နေ့အိပ်မက်က ကလပ်တစ်ခါမှမရောက်ဖူးဘူးလို့ တခြားအာဆီယံနိုင်ငံက သူငယ်ချင်းတွေကိုပြောတော့ ဘာပြန်ပြောတယ်မှတ်လဲ “မြန်မာပြည်မှာ ကလပ်မရှိလို့လားတဲ့” .. “ရှိတော့ရှိတယ်.. မများဘူး”လို့ဖြေတော့လည်း တအံ့တကြဖြစ်ကြပြန်ရော.. သူတို့အတွက်တော့ ကလပ်ဆိုတာ ထမင်းစားရေသောက်သွားနေကျ ဖြစ်နေပြီကိုး...
ဒါပေမဲ့ မြန်မာလူငယ်ထဲမှာ ကလပ်ကို အနားမသီဖူးတဲ့သူတွေလည်း အများကြီးပါ... တအားစိတ်ပူစရာမရှိသေးပါဘူး.. ကလပ်သွားဖို့က ပိုက်ဆံလည်း လိုသေးတာကိုး :) :) :)
မနုရေ ...
ဒီပို့စ်ရေးဖြစ်စေတဲ့ကားနာမည်က နတ်မိမယ်များ ပါ ..
ဒီတစ်ကားတည်းမဟုတ်ဘူး အစ်မ ... တခြားကားတွေလည်း သုံးလေးကားရှိသေးတယ် အစ်မ ...
Burmeseclassic မှာ အကုန်ရှိတယ် ...
ညီမလေးနေ့အိပ်မက်ရေ ...
ကလပ်သွားတဲ့လူတိုင်းကို ဆိုးသွမ်းနေတယ်လို့ အစ်မ မပြောပါဘူးကွယ် ... တခြားနိုင်ငံကကလပ်တွေကို အစ်မ မပြောတတ်ပေမယ့် မြန်မာနိုင်ငံက ကလပ်ဆိုတာတွေကတော့ မြန်မာမိန်းကလေးတွေသွားဖို့ သင့်တော်တဲ့နေရာလို့ အစ်မ မမြင်ပါဘူး ... ပြီးတော့ ကလပ်ဆိုတာကို မိန်းကလေးတွေ ထမင်းစားရေသောက် သွားဖို့ကောင်းတဲ့နေရာတစ်ခုလို့လည်း အစ်မ လက်မခံလို့ ဒီပို့စ်ကိုရေးဖြစ်လိုက်တာပါ ... ကလပ်သွားတာ ပိုက်ဆံလိုပေမယ့် စပွန်ဆာရှိရင် ပိုက်ဆံမလိုပဲလည်းသွားလို့ရပါတယ် .... ဒါပေမယ့် အစ်မ အဓိကပြောချင်တာက မိန်းကလေးဆိုတာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ရတယ်ဆိုတာလေးပါ ...
ညအချိန်မတော် လမ်းထွက်ပြီဆိုမှတော့ မိန်းကလေးတင် မကဘူး ယောကျားလေးတွေပါ အန္တာရယ် ကင်းနိုင်ပါ့မလား ?????
ဒီကြားထဲ မူးရူးနေပြီဆို ပြီးရောပဲ ..
ခေါင်းစဉ်းလေးဖတ်ပြီးစိတ်ဝင်စားသွားတယ် ဖတ်ကြည့်လိုက်တော့မှာသိရတယ်နော်။ ညဆိုတဲ့အချိန်မှာတော့ ဘယ်လိုပြောမလည်းနော် ခေတ်နဲကအညီလို့လည်းမပြောနိုင်ဘူးနော် ဘယ်လိုမှာဝေဖန်ရေးမပေးတော့ဘူးနော်အမရေ စာတော့လာဖတ်သွားပါတယ်နော်။ အဆင်ပြေပါစေခင်ဗျာ။
အင်း.... အရင်တုန်းကတော့ မိန်းကလေးတွေ လက်ဖက်ရည်ဆိုင်ထဲတောင် မဝင်ရဲကြဘူး။ ယောကျာ်းလေး များလို့တဲ့လေ။ သောက်ချင်ရင် သူငယ်ချင်း ကောင်လေးတွေကို ပါဆယ်သွားဆွဲခိုင်းကြတယ်။ ခုများတော့လည်း.....။ ။ ကလပ်သွားတဲ့မိန်းကလေးတိုင်း ဆိုးသွမ်းမနေပါဘူးရှင့် ဆိုတဲ့စကားကို လက်ခံနိုင်ပေမယ့် မဆိုးသွမ်းတဲ့မိန်းကလေးကို ကလပ်ကဆိုးသွမ်းသွားအောင် မလုပ်ပစ်နိုင်ဘူးလို့ ဘယ်သူအာမခံနိုင်ပါလဲ။ ကိုယ့်စိတ်ထွက်ပေါက်အနေနဲ့ရော ကလပ်သွားမှဖြစ်မှာလား။ တခြားနည်းလမ်းတွေထက်ပဲ ကလပ်သွားတာက ပိုပြီး စိတ်ကိုလွတ်လပ်ပေါ့ပါးစေတာလား။ ကလပ်အကြောင်း ကောင်းကောင်းမသိလို့ ကျွန်တော့အမြင်တွေ လွဲမှားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကလပ်သွားတဲ့မိန်းကလေးတွေကို ဘယ်လိုမှ ကြည့်မရတာတော့အမှန်ပဲ။
တလောက fwd mail ထဲမှာ ဖတ်လိုက်ရတာ ကျောင်းသူကျောင်းသားတွေ သီးခြားသွားတဲ့ နေ့ကလပ်တောင် ရန်ကုန်မှာရှိနေပြီဆိုလို့ တော်တော်စိတ်ပူသွားသေးတယ်။ တစ်ချို့ အဖြုအစိမ်းနဲ့ နေ့ကလပ်တွေသွားတာ တွေ့တွေ့နေရတယ်တဲ့။ တကယ့်ကို ရင်မောစရာပဲ မကြယ်ပြာရေ။ :(
ဇာတ်ကားလေးကိုတော့ မကြည့်ဖူးပါဘူး။ ကလပ်သွားကြတာတော့ ဒီမှာအတော်ခေတ်မီတယ်လို့ ယူဆကြပုံရပါတယ်။ အရင်က ကလပ်ဆိုတာကိုနားမလည် ဘူး။ မနှစ်ကတော့ ကလပ်ကိုသွားချင်တဲ့သူတွေနဲ့ ရောပါ သွားမိတယ်။ ကလပ်ထဲမှာ ထိုင်ကြည့်ရင်း၊ မျက်စိရှုပ် နားပူပြီး ပူပူလောင်လောင်နေရာ ကြီးလို့ပဲမြင်မိတယ်။ ပြန်လာတော့ ခေါင်းတွေနောက်လို့ နောက်တစ်ခါတော့ အားနာလို့လည်း မလိုက်မိဖို့ ကိုယ့်ကိုကိုယ်သတိပေးရတော့
တယ် ကြယ်ပြာရေ...
Well...I wouldn't name the hotel. I haven't been back to YGN for a long time. My husband wanted to check out the club. So I let him go alone and I was with my friend at the lounge. He came back so shocked! They charged U$5 to enter. He said, there were not many guys but lots of girls and chatting. A girl introduced herself as Pu Pu. She speaks fair English. Of course, they dress very sexy and he was scared to make eye contact. He ran out from the place very fast. Later that night, my husband locked me out. I went to get 2nd key at the front desk which was around mid night. I couldn't believe my eyes. There were young girls and an old Chinese men and white men were getting the rooms. When we checked out the hotel we met another gal in the lift. She didn’t look me up just asked me going down or up only. Next day when my sis came and look for me and the security guy said, “no wonder I looked old” . He thought I am one of them. I found out that most clubs are like that in YGN. I am sure, there are some good people just want to dance and have fun.
Yap..I think not very good place for the girls to have fun.
ဟုတ်တယ်နော် အစ်မကြယ်ပြာ... ညီမလည်း Online တင်ထားတဲ့ မြန်မာ Video တွေကို မြန်မာပြည်အလွမ်းပြေ ကြည့်မိရင် အခုလိုပဲ တွေးစရာလေးတွေ ခဏခဏရပါတယ်။
တနေ့က ညီမကြည့်မိတဲ့ မြန်မာကားလေးထဲမှာဆိုရင် မင်းသမီးက မင်းသားကို အတင်း ရည်းစားစကားလိုက်ပြောတဲ့ အခန်းတစ်ခန်းပါပါတယ် (ဒါကို မှားတယ်လို့လည်း တကားလုံးမှာ တချက်မှ ပြမသွားပါဘူး။) ခေတ်နောက်ပြန်ဆွဲတယ် ဆိုဆို ညီမအတွက်တော့ ဒါမျိုးကို မြန်မာမျက်စိနဲ့ လက်ခံလို့ကို မရသေးပါဘူး။ အခုလို အခန်းမျိုးနဲ့ အစ်မရေးပြသွားတဲ့ (ပြဿနာအမျိုးမျိုး ဖြစ်နိုင်စရာ)ကလပ်သွားကြတဲ့ အခန်းမျိုးတွေဆိုတာ Video မင်းသားမင်းသမီးကို ကြိုက်လို့ကြည့်ကြတဲ့ လူငယ်လေးတွေအတွက် အတုယူမှားစရာတွေ ဖြစ်မှာ စိုးမိပါတယ်။
Post a Comment