Thursday, July 23, 2009

၃၁ မိုး (၂၄ ဇူလိုင်)

အော် .... ဘာလိုလိုနဲ့အသက်တစ်နှစ်ကြီးသွားပြန်ပြီ .... တိုးလာတဲ့အသက်နဲ့ညီမျှတဲ့ရင့်ကျက်မှုမျိုးရှိပြီလားလို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မိတယ် ... အနည်းငယ်ပိုရင့်ကျက်သွားတာတော့ အသေအချာပါပဲ ... လိုနေတာတွေလည်းအများကြီးကျန်သေးတယ်ဆိုတာကိုလဲ သတိချပ်မိတယ် ... မွေးနေ့မို့လို့ဆိုပြီး ပို့စ်တင်တာကလွဲရင် ထွေထွေထူးထူးတော့ဘာမှမလုပ်ဖြစ်ပါဘူး ... မွေးပြီးရင် သေတဲ့နေ့ပဲရှိတယ် ဆိုတဲ့ မေကြီးစကားကိုလဲ ကြားယောင်မိသား .... ဒီနေ့လေးအတွက် ထူးခြားတာက မွေးနေ့အမှတ်တရ ကဗျာလေးရတာပါ ....ဒီကဗျာလေးအတွက် ကိုကြီးကိုအရမ်းကျေးဇူးတင်ပါတယ် ...

မြခွာညိုသပြေလမ်းက ၀ါဆိုပန်းနဲ့လှမ်းတော်မှု
ဆယ်ယူလေ ခတ္တာပျိုနဲ့ ရေစိုစိုနံနက်ခင်းမှာ
အာရုဏ်နီ ရောင်ခြည်ဖြာလို့
ပန်းကမ္ဗလာမှာအချင်းဆေး
အဆင်းကလေးနဲ့ ပွင့်တဲ့ပန်း..

အမြင့်လမ်းထိ တင့်ဆန်းလို့ယဉ်စေ့ချင်
နွယ်ယှက်ခါ အထက်နန်းထိ
ပင်ထက်မှာလန်း
လေအထက်မှာ ပွင့်တဲ့ပန်းမို့
လွင့်ဝဲကာ မကြွေစေနဲ့
ရနံ့စုံ ရဂုံထဲမှာလှ
လမ်းကြုံသူ ရှုတိုင်းမွှေး
ရင်ငြိမ်းအေးသော ပန်းဖြစ်စေ...

မိုးမဆန်း ညှိုးနွမ်းလို့ရေမ၀င်ရင်
နေသခင်အထက်နားဆီက လက်တားလို့ကာလိုက်ချင်ရဲ့
နေမသာ လရောင်ဖြူးလို့
ရွက်ဖူးပျိုနဲ့ နုသစ်စေ...

ရာသီဒါဏ် နေသင့်ရင်
ပင်မြင့်မှာ စိုးတော်မူနဲ့
လေ၀င့်ကာ ချွေခါချလည်း
မြညှာတန် ခိုင်ခိုင်မြဲ ကျိုးပျက်လေနဲ့...


“မျိုးဦးဥာဏ်”

19 Comments:

Anonymous said...

ထာဝရအေးချမ်းသော ခရီးလမ်းတွေကို ကိုကြီးညီမလေးတစ်ယောက် ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေသား....

သားကြီး said...

တော်တော်လှတယ်ရေးထားတဲ့ကဗျာက
တော်ပါပေတယ်
happy birthdayပါအစ်မရေ
ယခုမှသည်နောင်နှစ်ပေါင်းများစွာ
အောင်မြင်မှုသရဖူအဆူဆူလှမ်းယူနိုင်ပြီး
ပျော်ရွှင်သောဘဝလေးပိုင်ဆိုင်ပါစေ

သုခုမလေဒီ said...

ဒီနေ့ မွေးနေ့ လေးမှ နောင် မိုးရာသီပေါင်းများစွာကို အဆင်ပြေပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေလို့ ....

မငုံ said...

့ပျော်ရွှင်ဖွယ်အတိနဲ့ မွေးနေ့ရက်လေးဖြစ်ပါစေ။ မွေးနေ့မှစ ပျော်ရွှင်မှု့တွေ တိုးလို့ ရပါစေနော့။

ချစ်တဲ့
မငုံ

kaungkinpyar said...

ဟက်ပီးဘတ်ဒေးပါ ညီမလေးကြယ်ပြာ၊ ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပါစေလို့

ကိုလူထွေး said...

သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ကြယ်ပြာရေ...

လည်ပင်းတွင် ချူဆွဲ၍ လူအုပ်အလည်တွင် တနာရီကြာ လေးဘက်ထောက်သွားပြပါ။ လိုရာဆန္ဒပြည့်ဝစေရမည်။

မွေးနေ့မှာ ပျော်ရွှင် စိတ်ချမ်းသာပါစေ...

းဝ)

လင်းကြယ်ဖြူ said...

မ္ဂေးနေ့မ္ဂေးနေ့ ဒီနေ့ သူ့မ္ဂေးနေ့...
**H*A*P*P*Y***B*I*R*T*H*D*A*Y**
မိုင်တိုင် တစ်ခု ပြီးတစ်ခု ဆက်
မပျက်မက္ဂက် ဦးတည်ချီတက်
ရည်မှန်းချက် တ္ဂေပြည့်စုံအောင်....

ရာသီတ္ဂေပြောင်း လီလီဟောင်း
မပြောင်းမလဲ နုပျိုနေသော စိတ်
အခုဆို ဒီလောက်တောင်ရှိပြီ......

နောက်နောင်ကိုလည်း အပြုံးမပျက်
ရှေ့သို့ဆက် မက်တဲ့ အိမ်မက်တိုင်း လှနေပါစေ...လို့......

လင်းကြယ်ဖြူ

mgngal said...

့ပျော်ရွှင်ဖွယ်ရာ မွေးနေ့ မင်္ဂလာ ဖြစ်ပါစေသော်ဝ် ။

Anonymous said...

Happy Birthday ....
အောင်မြင်ခြင်း၊ပျော်ရွှင်ခြင်း၊ကျန်းမာခြင်းတွေအားလုံးနဲ့အတူ
ခရီးများဆုံးတဲ့ထိ လျှောက်လှမ်းနိုင်ပါစေဗျာ :)

တလနွန် said...

Happy Birthday
ယနေ့ မွေးနေ့ ရက် ၂၄ ဇူလိုင်မှစလို့  အနာဂတ်နေ့ ရက်တိုင်း အောင်မြင်မှု ပျော်ရွင်မှုတွေနှင့်အတူတူ တည်ရှိနေနိုင်ပါစေဗျာ

ခင်မင်ခြင်းနှင့်
တလနွန်

nyimuyar said...

Happy Birthday မွေးနေ့မှာ ပျော်ရွှင်ပါစေ

nu-san said...

ကွန်ပျူတာ သိပ်မဖွင့်ဖြစ်တာနဲ့ မွေးနေ့ဆုတောင်း နောက်ကျသွားတယ် ညီမရေ..

Happy Belated Birthday!!!

may16 said...

Happy Birthday ပါ မကြယ်ပြာ

ကိုတိုးလေး said...

ဟတ်ပီးဘတ်ဒေးပါ အမကြယ်ပြာရေ။ ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ ခရီးလမ်းတလျောက်ထာဝရအေးချမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ မွေးနေ့လာတာနောက်ကျသွားတဲ့တယ်အမရေ။ ဘယ်သလော့ကိုမှလည်းမလည်ဖြစ်လို့ပါ။ အဆင်ပြေပါစေနော်


ခင်မင်လျက်

ကိုတိုးလေး

dare2fight said...

Happy Birthday !!!

စစ်မှန်သောအချစ် နဲ့တဘဝစာပျော်နိုင်ပါစေ...

ကြယ်ပြာ said...

မွေးနေ့ဆုတောင်းပေးတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် ... စိတ်ထဲမှာ နွေးနွေးထွေးထွေးလေး ခံစားရသလို ၀မ်းလဲသာတယ် ... ပျော်လဲပျော်တယ် .... ဒီနေ့လေးမှာ မထင်မှတ်ပဲ သူငယ်ချင်းတွေများစွာက မွေးနေ့ဆုတောင်းလေးတွေကို ပုံစံမျိုးစုံနဲ့ပို့ပေးကြတယ် ... ဒီနေ့တစ်နေ့လုံး သူငယ်ချင်းတွေကြောင့် ပျော်ရွှင်ရတဲ့အတွက် ကျေးဇူးပါ ...

မြစ်ကျိုးအင်း said...

နောက်ကျပြီးရောက်လာခဲ့တယ်
မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေနော်
အမကြယ်ပြာ အမြဲတမ်း စိတ်အေးချမ်းပါစေ
(ကျွန်တော့်ထက် ၃ နှစ်လောက်ကြီးတယ်)
လက်ဆောင်ရတဲ့ ကဗျာလေးက တကယ်ကောင်းတယ်

ချမ်းမြေ့ said...

ခုမှတော့ ဆုတောင်းမပေးတော့ဘူးနော်.... ဒါပေမယ့် မိဘ လုပ်ကျွေးနေတဲ့ ကျနော့် အမက ဘယ်တော့မှ ဆိုးရွားတဲ့ကံကြမ္မာတွေ ရမှာ မဟုတ်ပါဘူး...ကျနော် ဆုတောင်းမပေးလည်း ပြည်စုံတဲ့ ဘ၀ ၊ ဆန္ဒရှိတိုင်း မဖြစ်နိုင်တောင် သူများတကာထက်တော့ စိတ်ချမ်းသာစွာနေနိုင်မှာပါ.... ဒါ ကျနော်ဆုတောင်းပေးတာမဟုတ်ပါဘူးနော်....အမ ဘာသာ အလိုလိုရမှာကိုပြောပြတာ....

ရာသီဒါဏ် နေသင့်ရင်
ပင်မြင့်မှာ စိုးတော်မူနဲ့
လေ၀င့်ကာ ချွေခါချလည်း
မြညှာတံ ခိုင်ခိုင်မြဲ ကျိုးပျက်လေနဲ့....

စိတ်စမ်းရေ said...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်.....