လူတွေကဗျာ ကျွန်တော့်ကိုဆို အကောင်းမမြင်ကြဘူး … ကျွန်တော်နဲ့ဆုံရင်ပဲ သူတို့မှာ ထိတ်သလိုလို၊ လန့်သလိုလိုနဲ့ တကယ်ကကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး … ဂဏန်းလေးတစ်လုံးရယ်သာပါ …. ရေတွက်စဉ်တွေထဲက သင်္ချာနာမ ကိန်းညွှန်းလေးတစ်ခုပေါ့ … လူတွေက စေ့စေ့မတွေးကြလို့ပါ … လူတွေထွင်မှဖြစ်လာတဲ့ ကျွန်တော့်လိုဂဏန်းလေးတစ်လုံးက လူတွေရဲ့ကံကြမ္မာကိုစိုးမိုးနိုင်ပါ့မလားဗျာ ….
လူတွေက ရယ်လဲ အတော်ရယ်ရသဗျ … ဟိုတနေ့ကပေါ့ နံရံပေါ်ကပြက္ခဒိန်လေးထဲမှာ ကျွန်တော် နှပ်နေတုန်း စကားပြောသံကြားလို့ ဘာရယ်မဟုတ်နားစွင့်လိုက်မိတယ်လေ …. ကောင်မလေးနှစ်ယောက် အချီချပြောနေသံလေးပေါ့ …
တစ်ယောက်က “ငါဟယ် … ဒီနေ့ အလုပ်လုပ်ရတာ တစ်ခုမှအဆင်မပြေဘူး …. အလွဲအချော်တွေချည်းပဲ ”
နောက်တစ်ယောက်က “နင်ကလဲ ဒီနေ့ ၁၃ရက်နေ့မို့နေမှာဟ … ၁၃ ဂဏန်းက လာဘ်မကောင်းတတ်ဘူးလေ”
အလိုဗျာ … နေရင်းထိုင်ရင်း ၁၃ က အပြစ်ဖြစ်နေပါရောလား …. စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ထွက်သွားဖို့ပြင်တယ် …
သူတို့နဲ့ ခပ်လှမ်းလှမ်းက စားပွဲတင်ပြက္ခဒိန်လေးထဲ ကျွန်တော်ဝင်နေလိုက်တယ် ….ဟော .. ခဏနေတော့ လူနှစ်ယောက်ဝင်လာတယ် …
လူကြီးက စိတ်ပျက်လက်ပျက်နဲ့ “ကျုပ်ဗျာ ဗိုက်နာလို့ ကားအမြန်ရောင်းထွက်ချင်ပါတယ်ဆိုမှ ၀ယ်လက်က ၁၃ ရက်နေ့မို့ ငွေမချေချင်ဘူးတဲ့ဗျာ နောက်ရက်ရွှေ့လိုက်တယ် … ကျွတ်စ်”
ကြားရပြန်ပြီ ဒီ ၁၃ ….. ၁၃ ကိုကြောက်လို့ရှောင်ရင်းနဲ့ အလုပ်တွေအကိုင်တွေပျက်နေကြတာပါလား ….
ကျွန်တော်တွေးမိတယ် … ၁၃ မဟုတ်တဲ့ တခြားရက်တွေတိုင်းရော အဆင်ပြေနေတာကျလိှု့ဗျာ …. ၁၃ ရက်နေ့မှာ တခုခုများ မဖြစ်လိုက်နဲ့ … ဒီ ၁၃ ကြောင့်ဆိုတာ လူတိုင်းပါးစပ်ကမချဘူး … အဲ ကောင်းတာလေးဖြစ်ကြည့် ချီးကျူးဖော်မရဘူး ….. လူတွေက တကယ်တော့ အလကားပါဗျာ …. ထစ်ကနဲရှိ ဘာကို အပြစ်ပုံချရမလဲဆိုတာရှာပြီ …. ကိုယ်ဘာလိုနေသလဲဆိုတာမကြည့်ဘူး …. အဓိကနဲ့ သာမညကို လူတွေမခွဲတတ်သေးပါဘူးဗျာ ….
Mero Yatra နီပေါသွား တောလား - ၆
-
၂၀၂၄ နိုဝင်ဘာ ၁၆ Kurintar မှာတည်းတဲ့ Summit River Lodge ဘေးမှာ Trishuli
မြစ်လေး စီးဆင်းနေတယ်။ တောင်ခိုးတွေနဲ့ မှုန်ရီမှိုင်းပြီး
နေပျောက်မထိုးနိုင်ဘူး လွ...
6 days ago
11 Comments:
လူတွေရဲ့ မှားတဲ့ဖက်ကစိတ်အစွဲလေးတွေကို ထုတ်ပြသွားတာ.. စာရေးသူရဲ့ ရည်ညွှန်းချက်နဲ့ အကြောင်းရာလေးက မှတ်သားဖွယ်ပါပဲ..
စိတ်ကူးလေးနဲ. တင်ပြချင်တာလေးကို
သဘောကျမိတယ် မကြီးရေ ... အယူ
အဆပေမဲ. အယူသည်းတော. တဖက်စွန်း
တွေ ရောက်ကုန်တာပေါ. ... ဘာဘာ
ဖြစ်ဖြစ် တော်ရုံဘဲ ကောင်းပါတယ် ...
အယူသည်းတာကလည်းတော်တော်ဆိုးတာကိုးဗျ
ဆိုင် မဆိုင်တော့မသိဘူး ဖတ်ဖူးသမျှစာအုပ်တွေထဲမှာရော ကြည့်ဖူးတဲ့ရုပ်ရှင်တော်တော်များမှာပါ ၁၃နဲ့ပတ်သက်ရင် မကောင်းတဲ့နိမိတ်ချည်းပဲပြကြတာ
အင်း အမတော့ သိပ်အစွဲအလန်း မကြီးတတ်လို့ သတိမထားမိတတ်ဘူး၊ တချို့တော့ တော်တော် အယူသည်းတတ်ပါတယ်
ဟုတ်ပနော့ ။ 13 ဂဏန်း က သူဘာသာသူနေတာ။ အယူသီးနေကြတာပါ။
တကယ်တော့အယူသည်းကြတာတွေပါ။ဖြစ်ချိန်တန်ဖြစ်၊
ပျက်ချိန်တန်ပျက် ဆိုတဲ့ တရားသဘောလေးကိုလက်ကိုင်ထားရင် အယူဆိုတာအလကားပါ။ကျနော် တော့အယူမသည်းတတ် လို့လားမသိဘူး ဘာမကိုမရှိတာ။
ဘာတွေ ကံမကောင်းဖြစ်နေလို့လဲ..
never surrender..
try again...:)
ကမ္ဘာမသုံး တစ်ဆယ့်သုံး တဲ့။ အယူသည်းမှုတွေပေါ့။
အစွန်းမရောက်ဖို့  အရေးကြီးတယ်မဟုတ်လား။
ခင်မင်ခြင်းနှင့်
တလနွန်
တိုက်ဆိုင်လိုက်တာ
မင်းမင်းကို ပြောနေသလားပဲ
မင်းမင်းက 13 ကဏာန်းကို သိပ်ကြောက်တာပဲ
13 နဲ့ ဝေးဝေးနေခဲ့တယ်။ တစ်ခါတစ်ခါ မေ့ထားလိုက်တယ်။
တစ်နေ့တော့ (၁၃)ဆိုတဲ့ နံပတ် သူငယ်ချင်းနဲ့ အရမ်း ခင်ခဲ့တယ်။ သူကို မင်းမင်း ရှောင်ဖယ်2နေခဲ့တယ်
ဒါပေမယ့် မင်းမင်းကို အဲဒီ 13 က အမြဲလိုလို ကူညီခဲ့တယ်။
နောက်ပိုင်း 13 က မင်းမင်းရဲ့ မိတ်ဖက်ဖြစ်လာတယ်။
ဒီလိုနဲ့ နေခဲ့ပေမယ့်
ရင်ထဲက အစွဲကို ချွတ်မရသေးလို့ 13 ကို ခုထိ မင်းမင်း ကြောက်နေသေးတယ် (မ) ရယ်။ (မကောင်းဘူး လို့ ပြောကြပေမယ့် 13 ကို ကြောက်နေသေးတယ်)
၁၃ရက်နေ့ ကံမကောင်းလို့ ၁၄ ရက်နေ့မှ ကော်မင့်လာရေးတယ်...
၁၃ ရက်နေ့မှာတင်ဖို့ ရေးထားပြီး ဘယ်နှစ်ရက်စောင့်လိုက်ရလဲ...
စာလေးဘာလေး ပုံမှန်ရေးဦးလေ... ဘာလဲ နောက်ပိုစ့်တခုတင်ဖို့ ၁၃ ရက် ထပ်ကြာဦးမှာလား...
သြော်... ဒီကနေ့ ကံမကောင်းပါလား...
းဝ)
စာမေးပွဲ သွားဖြေတယ် ကွန်ပျူတာစားပွဲနံပါတ်က " ၁၃ "စာမေးပွဲ အောင်တယ် :)
khinemie
Post a Comment