Saturday, July 11, 2009

လွမ်းတယ်

တမ်းတ တတနဲ့
လွမ်းရက်တွေပဲ တိုးတယ်
ဆုံနိုင်ခွင့်တွေကတော့ အလှမ်းဝေးဆဲ
တနေ့နေ့ပေါ့လို့
ပြောရဖန်လဲများလို့
မျှော်လင့်ချက်ပန်းပင်လေးတွေတောင်
မသိမသာညှိုးလာလိုက်တာဆိုတာလေ
ပန်းပျိုးသူရင်မချိတာပဲ အဖတ်တင်ပါတယ် …
ထပ်တလဲလဲ နားထောင်မိတဲ့သီချင်းတွေကလဲ
အလွမ်းတွေကို အတောင်တပ်
လေအနှံ့ဖြန့်ဝဲပေးနေသလိုလို ….
မှုန်မှိုင်းမှိုင်း အုံ့ဆိုင်းဆိုင်း
ရာသီကလည်း အလွမ်းဇာတ်ကဖို့အတွက်
အားပေးအားမြှောက်လုပ်လို့ပေါ့ …
လွမ်းတယ် ချစ်သူရယ် …
မင်းကို ငါ အရမ်းလွမ်းတယ် ….

14 Comments:

မိုးစက်အိမ် said...

1 ကွ ဌဲ ဌဲ

မိုးစက်အိမ် said...

လွမ်းပါ အမရေ အမုန်းသာ
လွမ်းလိုက်ပါ ကဗျာဖတ်ရင်း
စဉ်းစားမိတယ် အော် ငါ.အမ
တော်တော် လွမ်းနေတာဘဲလို. :P

Anonymous said...

တမ်းတ တတနဲ့
လွမ်းရက်တွေပဲ တိုးတယ်
ဆုံနိုင်ခွင့်တွေကတော့ အလှမ်းဝေးဆဲ
တနေ့နေ့ပေါ့လို့
အဲ့တာလေးကြိုက်တယ်

ကိုလူထွေး said...

ညီမ... လွမ်းနေရတဲ့ညတွေ လွန်ပါစေ...

Unknown said...

လွမ်းပါ မကြယ်ပြာ လွတ်လွတ်လပ်လပ်ကို လွမ်းခွင့်ရှိပါတယ် :)
ကောင်းသောနေ့ပါဗျာ :)

kaungkinpyar said...

လွမ်းပါ လွမ်းပါ လွမ်းကြယ်ပြာလေးရေ

Anonymous said...

ကောင်တဲကဗျာလေးပါ.......

မငုံ said...

လွမ်းတယ် ကြယ်ပြာရယ်။။။ ကဗျာလေးကို တအားကြိုက်တယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

ဆောင်းနှင်းဝေ said...

အမ ကျနော်လည်းလွမ်းတယ်
လွမ်းရင်နဲ့ငိုနေလားမသိ.ငိုရဟူးနော်....း)

flowerpoem said...

အချစ် မင်းကို လွမ်းရတဲ့ညတွေကုန်ပါစေ.... :)

သားကြီး said...

လွမ်းပါ
လွမ်းပါ
လွမ်းနိုင်သူတွေလွမ်းကြ :)
.........
ကိုယ့်အစ်မအလွန်ပျောက်
ဘယ်တွေရောက်??

mgngal said...

ပန်းပျိုးသူရင်မချိတာပဲ အဖတ်တင်ပါတယ် … အဲနားလေး တအားထိ ။

C M လေး said...

အရင်ကတည်းကဖတ်မိတယ်...ခုမှမေးချင်လာလို့..


WHOM ?

Anonymous said...

ဘူဒူဘာလိမ့်ကွယ်...