ရာသီဥတု ကောင်းမွန်နေတာတောင်
ရွာချင်ယောင်ဆောင်တဲ့မိုးကိုပဲ နှစ်သက်မိသလိုလို ….
အုံဆိုင်း နေတဲ့ ကောင်းကင်ကြီးကိုပဲ ငိုချခိုင်းတော့မလိုလိုနဲ့
စိတ်တွေဟာ ဂယောက်ဂယက်နဲ့ အနည်ထချင်မိတယ် …
တခါတခါတော့လည်း
လိပ်ပြာတစ်ကောင်ဖြစ်လား ဖြစ်ချင်မိပါရဲ့ ….
လှပတဲ့ တောင်ပံရောင်စုံကြောင့်လည်းမဟုတ်သလို
ဝတ်မှုန်ထုံကူးဖို့ သက်သက်ဆိုပြန်တော့လည်း မဟုတ်ဘူးပေါ့ ….
ဒါဆိုရင် ????
တခါတခါကျတော့လည်း
သက်မဲ့စွန်တစ်ကောင်သာဖြစ်ချင်မိပြန်ရော…
ခက်နေတာက သွယ်ယှက်နေတဲ့ ကြိုးမျှင်ခပ်သေးသေးလေးတွေက
ထင်တာထက် ပိုပြီး ခိုင်လွန်းနေပြန်တယ် …
အင်း… အချိန်တန်တော့လည်း စွန်ဟာ ရစ်ဘီးဆီ ပြန်ကပ်သွားရတာပါပဲလေ ..
ရွေူးချယ်ခွင့်က ကြိုးပြတ်ခြင်းကလွဲရင် ရောက်ရာ ပေါက်ရာလေသယ်ရာဆီပဲဆိုတော့ကာ …
သာယာဖူးတဲ့ အခိုက်အတန့် မေ့ မပစ်ရုံပေါ့ …..
ဂျပန်သွား တောလား - ၁
-
Day 7 - Fukuoka, Kyushu Island
-Port of Hakata
-Hakata Station
-Onsen, Japanese traditional dinner & breakfast at Kuju Kogen Cottage
March 27, 2025.
...
1 day ago


