ဆန္ဒတွေက
ပစ်စလတ်ခတ်ရင်ခွင်ထဲ
ကိုယ်မပျိုးပဲနဲ့ အလေ့ကျပေါက်ခဲ့တာပါ ..
အညွန့်တလူလူနဲ့ ကောင်းကင်ကို မျှော်ကြည့်ခိုက်
လမိုက်ညတွေတော့ မရှိစေချင်ခဲ့ဘူး။
ဘယ်တော့မှ မဟောင်းတဲ့ ဂီတသံ
နားထဲ ညက်ညက်ကလေး ၀င်တယ်။
“ရန်ကုန်မှာသာတဲ့ လ” တဲ့လား …
မျက်စိမှိတ်ထားရင်း ခပ်ဖွဖွလိုက်ညည်း
ရင်ထဲမှာ ဘယ်တော့မှငြီးမသွားတဲ့ သံစဉ်
ဒီလိုနဲ့ပဲ ကိုယ့်နေ့တွေ သာယာဖူးခဲ့တယ်။
အီဂျစ်သွားတောလား - ၄
-
၂၀၂၅ ဇန်နဝါရီ ၄ မနက်စောစောနိုးတော့ တခြားလူတွေ မထသေးခင် ချုံပုတ်ဆီသွားတယ်။
မနက်နေထွက်လာတာ အရမ်းလှတာပဲ။ နေကပြင်းလို့ မျက်စိမခံနိုင်ဘူး။ မနက်စာစားတယ်
ဒရိုင်...
3 days ago
0 Comments:
Post a Comment