Credit to www.beaverislandforum.com for Image
မသာယာဘူးကွယ်
တိမ်တွေဖုံးအုပ် သိမ်းထုပ်ခံထားရတဲ့ လတစ်စင်း
သိက္ခာကျနေလိုက်ပုံများ အလင်းတစ်စတောင် တောက်ပြခွင့်မရဘူးတဲ့….
ကြယ်တွေ တစ်စင်းပြီးတစ်စင်း ဖြတ်ပျံသွားတဲ့အခါတိုင်း
သူ့ကောင်းကင်ကို သူကိုယ်တိုင် အလင်းမပေးနိုင်လို့ ငိုကြွေးသတဲ့လေ …..
အလင်းတစ်စ ပြင်းပြင်းပြပြ ချပြချင်တာတောင်
သူ့ကောင်းကင်က ကြယ်တွေအစုံနဲ့ ကပွဲတက်နေသတဲ့ …..
ကဲ … ဘယ်လိုလုပ်မလဲ???
မသာယာဘူးကွယ်
နံနက်မိုးသောက် အလင်းရောက်တဲ့အခါ
တိမ်ညိုတွေကင်း ကြည်လင်သွားတဲ့သူ့ကောင်းကင်ထဲ
နေတစ်စင်းရဲ့ တောက်ပမှုအောက် အလင်းပျောက်ရပြန်တယ် …..
ဘယ်လိုပဲဖြစ်ဖြစ်
သူ့ကောင်းကင်ရဲ့ အနာဂတ်ညအတွက် အလင်းတစ်စချပြဖို့
သူကတော့ အသင့်ဖြစ်မြဲ ဖြစ်ဆဲပါပဲ………
အီဂျစ်သွားတောလား - ၁၅
-
၂၀၂၅ ဇန်နဝါရီ ၁၂ တနင်္ဂနွေနေ့ မနက် ၆ နာရီခွဲလောက်ထပြီး Dahab ကမ်းခြေမှာ
နေထွက်တာသွားကြည့်တယ်။ ရောင်စဥ်တွေဖြာပြီး ပင်လယ်ထဲကနေ နေထွက်လာတာ
အင်မတန်လှတယ်။ ပြီ...
13 hours ago

0 Comments:
Post a Comment