Thursday, November 14, 2013

"လွမ်းချင်း"

သူ့ကို ချစ်သောစိတ်၊ သတိရသောစိတ်တို့သည်

နာရီလက်တံအရွေ့နဲ့ အတူတူရွေ့လျက်

အလွမ်းပန်းတို့ကို အဆုပ်လိုက်၊အခဲလိုက် ပွင့်စေ၏။

ရင်တစ်ခုလုံး ပန်းပွင့်တို့ ဖုံးလွှမ်းသောအခါတွင်မှ

သူ့ကို ဘယ်လောက် နှစ်သက်စုံမက်ကြောင်း၊

ဘယ်လောက် ခင်မင်တွယ်တာကြောင်း၊

ဘယ်လောက်ချစ်ကြင်မြတ်နိုးကြောင်း၊

တခုတ်တရပြောစရာမလိုအောင်

ပန်းရနံ့တို့မှ တဆင့် သူ့ဆီ သယ်ဆောင်စေ၏။

နှုတ်မှ ဖွင့်ဟပြောပြစရာမလို

အကြည့်တစ်ချက် အပြုံးတစ်လက်နဲ့တင်

သိပ်ချစ်တာ သူသိပါစေ။

0 Comments: