Tuesday, October 22, 2013

"ရစ်သမ်အမှား"


Credit to http://photosof.org/ for Image


ပုံစံမကျမှုတွေထဲ ပုံစံကျမှုတစ်ခုကို နှစ်မြုပ်ကြည့်လိုက်သောအခါ

မျှော်လင့်ချက်တွေက မျက်လုံးတွေထဲမှာ သူတစ်လူ ငါတစ်မင်းနဲ့ အချင်းများကြတယ် …..

ဖြက်ကနဲလက်သွားတဲ့ အလက်က ဘယ်အထိ အရွေ့ရှိမလဲဆိုတာ

ကာယကံရှင်ကလွဲလို့ ဘယ်သူသိနိုင်မလဲ?

ငါ၊ သူတစ်ပါး …. အရောင်လက်ပုံချင်းတူရင်တောင် ရသချင်းကွဲလိမ့်မယ် …

မဖြစ်နိုင်ဘူးဆိုတဲ့ စကားတစ်ခွန်းဟာ

ဖြစ်နိုင်ပါတယ်ဆိုတဲ့ သက်သေမဲ့ စကားအများကြားမှာ တလူးလူး တလိမ့်လိမ့် ……

ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ကြုံမှဆိုတာ လူတွေ မှတ်မိပုံမရကြဘူး ……

သို့မဟုတ် သိကြပုံမရဘူး ….

ဘာဖြစ်ချင်တယ်ဆိုတာ အရင်မမေးပဲနဲ့

ဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့ အဖြေအတွက်

စိတ်ပျက်ခြင်းတွေသာ တရိပ်ရိပ်တက် ……………


၂၂၊ အောက်တိုဘာ၊ ၂၀၁၃
ညနေ၂း၄၄ မိနစ်

2 Comments:

Han Kyi said...

ကဗျာကောင်းလေးပဲ...ဒါပေမယ့် တစ်ခုအကြံပေးပါရစေ...“ သလဲ ” လို့ မရေးဘဲ “ သလည်း ” လို့ ရေးထားတော့ ကဗျာကို ဖတ်ရတာ ရသနည်းနည်း ပေါ့သွားသလို ဖြစ်နေသလိုပဲ...

ကြယ်ပြာ said...

ဟုတ် .. ခုတလော လဲ နဲ့ လည်း ရောနေတယ် ဦးဟန်ကြည်..ထောက်ပြပေးတာ ကျေးဇူးပါ။