ပင်ရိပ်ဝါးရိပ် တောအရိပ်ဝယ်
ညချမ်းချိန်ခါ ငွေသော်တာငဲ့
တိမ်ကြိုတိမ်ကြား ပုန်းသလား ကွယ်။ ။
မပီတလှည့် ပီတလှည့်နဲ့
ဝိုးတိုးဝါးတား လင်းအားငယ်ကို
သည်မယ်မျှော်လို့ ကိုးမိတယ်။ ။
သစ်ရွက်ခတ်သံ တိုးသက်ညံသည်
ညင်သာတိတ်တိတ် စိတ်အရိပ်ဝယ်
ကလူသလို မြူသလိုတည့်။ ။
For Image: Credit to http://cs.astronomy.com