Sunday, October 11, 2009

ချစ်သူအတွက်


ဝေေ၀၀ါးဝါး မြူယံပါးပါးကိုထွင်းဖောက်
ကြည်စင်တဲ့အလင်းတစ်ပြောက်လို ….
လေမထန် မိုးမသဲ
ညင်းသွဲ့သွဲ့လေပြေတစ်ခက်လို ….
လမလင်း မ၀င်းပချိန်
တောက်ပတဲ့ကြယ်စင်တစ်စင်းလို ….
အသာအယာနဲ့ပဲ နင်ဟာ ငါ့ရင်ထဲ အလိုလိုရောက်ခဲ့တယ် ….

ကြည်စင်တဲ့မေတ္တာ အဆုံးမရှိတဲ့အကြင်နာတွေနဲ့
ခက်ထန်မှုတွေကို အရောင်ပြောင်း
မပျော့ပြောင်းတဲ့စိတ်တွေကို ဖယ်ထုတ်
သံသယအမှိုက်တွေကို သန့်စင်လို့
ငါ့ရင်တခုလုံးက ပန်းဖူးတွေကို
နင်ကညင်သာစွာပဲပွင့်စေခဲ့တယ် …

အချစ်ဆိုတာထက် မြတ်နိုးတွယ်တာမှုတွေပိုဖက်တဲ့
ငါ့အတွက်ပေးထားတဲ့ နင့်ရင်ထဲကရတနာတစ်ပါးကို
တစ်သက်တာတန်ဖိုးထားလို့
မပျောက်ပျက်အောင် ထိန်းသိမ်းမယ်လို့
ငါ ဒီကဗျာထဲကနေပဲ ကတိပေးပါတယ် ….

11 Comments:

Anonymous said...

အရေးခံရသူအတွက် အင်မတန်ပြီးပြည့်စုံတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်သလို ရေးတဲ့သူကလည်း အင်မတန်ကို အနှစ်သာရအပြည့်နဲ့ ရေးဖွဲ့ထားတာကို စာပိုက်တိုင်းမှာ ပေါ်လွှင်စေပါတယ်...ကဗျာလေး သိပ်ကောင်းပါတယ်..

မချစ်ရ said...

အမရေကဗျာလေးကကောင်းလိုက်တာ
လာဖတ်သွားပါတယ်.နော်

Khyl said...

ညီမလေးရေ လာလည်ပါတယ်... ကဗျာလေးကကောင်းလိုက်တာနော်....
အရမ်းနှစ်သက်ပါတယ်...

ကိုလူထွေး said...

အိုကေမှာ စိုပြေနေတယ်ပေါ့...


းဝ)

Anonymous said...

သိပ်ကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ဖတ်လိုက်ရတယ်

တလနွန် said...

တစ်ပုဒ်ဆို တစ်ပုဒ် ကျန်စေတာပဲ။ ကောင်းလိုက်တဲ့ ကဗျာ။

ဆောင်းနှင်းဝေ said...

ကဗျာလေးအရမ်းလှတယ်အမရေ....အရမ်းကောင်းလွန်းလို့ဘာပြောရမှန်တောင်မသိတော့ဘူး....ချစ်သူနှစ်ဦးကြားသစ္စာတရားခိုင်ခိုင်ထားလို့ ပျော်ရွှင်းချင်းတွေထာဝရပိုင်ဆိုင်နိုင်ပါစေ...နော်
ဆောင်းနှင်း

သူကြီးမင်း (တုံးဖလား) said...

A good poem. Keep composing like this.

မိုးခါး said...

အချစ်ဆိုတာထက် မြတ်နိုးတွယ်တာမှုတွေပိုဖက်တဲ့
ငါ့အတွက်ပေးထားတဲ့ နင့်ရင်ထဲကရတနာတစ်ပါး တဲ့လား
မိုက်တယ် ..း))

သားကြီး said...

ကဗျာထဲကနေဂတိပေးလိုက်ပြီတဲ့
တစ်ယောက်သောသူရေ
ဝမ်းသာလုံးဆို့ပြီးကမနေနဲ့ဦးကွယ် :P
ဝမ်းသာလုံးဆို့ပြီး သားကြီးကိုဘီယာလာတိုက်လှည့် :P
(ဘာမှလည်းမဆိုင်ဘူးလို့မပြောနဲ့လေ ဟဲဟဲ)

ကိုတိုး said...

အချစ်ကဗျာလေးဖတ်သွားတယ်နော် အမရေ ကဗျာလေးကတစ်ပိုဒ်ဆို တစ်ပိုဒ်တော်တော်လေးကောင်းတယ်အမရေ အဆင်ပြေပျော်ရွှင်ပါစေဗျာ အမ။