Wednesday, September 23, 2009

ရန်ကုန်မြို့လေး

မြရေကြည် စိမ့်စမ်းနဲ့
စိမ်းဆတ်ဆတ်တောတန်းသွယ်
မြူခိုးထ ရှုမ၀တဲ့မြင်ကွင်း
ကြည့်လေရာ မျက်စိအေးလို့
တမ်းတတ လွမ်းရအောင်ကလဲ
ကျောပြောင်ပြောင် ကတ္တရာမှောင်မှောင်နဲ့သာ
ကျင့်သားရနေတဲ့ ကျွန်မကတော့ ရန်ကုန်သူပေါ့ …

ကျွန်မတို့မြို့မှာ
မမြင်ရတဲ့ ကိုယ်ချင်းစာတရားတွေရှိတယ်
အသုံးမ၀င်တော့တဲ့ အမှန်တရားတွေရှိတယ်
ခေါက်သိမ်းထားတဲ့ သမာသမတ်ကျမှုတွေရှိတယ်
ရွာမကျနိုင်တော့တဲ့ မျက်ရည်မိုးပေါက်တွေရှိတယ်
ဗူးအကြီးကြီးတွေနဲ့ထည့်သိမ်းထားတဲ့
သိက္ခာခပ်သေးသေးတွေရှိတယ် …

ကျွန်မတို့မြို့မှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ ဓလေ့စရိုက်တွေရှိတယ်
ထင်ပေါ်ကျော်ကြားတဲ့ အနိုင်ကျင့်ခြင်းတွေရှိတယ်
လည်ရင်လည်သလို လုပ်စားကြတဲ့
ကတုံးပေါ်ထိပ်ကွက်သူတွေရှိသလို
သူခိုးလက်က သူဝှက်လုတာတွေလဲ ဒုနဲ့ဒေး

ကျွန်မတို့မြို့မှာ
ကိရိယာစုံလင်တဲ့ ဆေးခန်းကြီးတွေရှိတယ်
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရှိတယ်
ဝန်ဆောင်မှုတွေဆိုတာကလဲ ပေါမှပေါ
စေတနာကတော့ အသပြာမရှိရင် နတ္ထိပဲ

ကျွန်မတို့မြို့မှာ
ထူးချွန်တိုးတက်ချင်တဲ့လူငယ်တွေရှိတယ်
သူတို့တွေထိုင်ဖို့ လက္ဘက်ရည်ဆိုင်တွေလည်းရှိတယ် …
အလုပ်အကြောင်းဆွေးနွေးဖို့ ဘီယာဆိုင်တွေလဲရှိတယ် …
မိန်းကလေးအချို့ အလုပ်မရှားဖို့
စင်တင်ဖျော်ဖြေပွဲတွေတောင်ပါလိုက်သေးရဲ့ ….

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့
မြို့လေးကိုချစ်တုန်း သံယောဇဉ်ဖြစ်တုန်း
ခွဲခွာချင်သူတွေနဲ့ဆုံတိုင်း မြို့လေးကိုယ်စား
နှမြောတသတုန်း ……

19 Comments:

တလနွန် said...

ကောင်းလိုက်တဲ့ ကဗျာ။ မျက်စိထဲကို ကွင်းကွင်းကွက်ကွက်နဲ့  အဝေးက မြို့ လေး မြင်ယောင်သွားစေတယ်။ အဲဒီ မြို့ လေးက ဘယ်တော့များမှ အဖြူရောင်ငြိမ်းချမ်းမှုနှင့် လှပလာမလဲဗျာ..

ခင်မင်ခြင်းနှင့်
တလနွန်

ကိုလူထွေး said...

ဒီကဗျာကို "ရန်ကုန်မြို့လေး" လို့ ပေးပါလား...း)

တလနွန်ပြောသလိုပဲ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်သွားစေတယ်...

ကိုမိုးလှိုင်ည အိမ်မှာ ရန်ကုန်ကဗျာစုစည်းမှုရှိတယ်...

http://www.moehlaingnya.net/search/label/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%80%E1%80%97%E1%80%BA%E1%80%AC

းဝ)

ကိုလူထွေး said...

အခြေအနေပေးရင် ကိုယ်တို့ခေတ် မျိုးဆက်ရဲ့ ရန်ကုန်ကုန်ကို မြင်တဲ့အမြင်တွေ စုစည်းပြီး ရန်ကုန်ကဗျာစာအုပ် တအုပ်ထုပ်ဖို့ အစီအစဉ်ရှိပါတယ်တဲ့...

းဝ)

လင်းဒီပ said...

ရန်ကုန်ကဗျာလေး လာဖတ်ပါတယ်...။ ကျွန်တော်လည်း ရန်ကုန်လွမ်းဆွတ်နေသူ တစ်ယောက်မို့ပါပဲ..။ကဗျာလေး ကူးသွားပါတယ်..ခွင့်ပြုပါဗျာ..။

ကိုလူထွေး said...

တကယ်ပြင်ပေးတယ်လား...

ကောင်းပါပေ့...

းဝ)

ကြယ်ပြာ said...

မောင်လေးတလနွန်ရေ ...
လာဖတ်သွားလို့ကျေးဇူးပါ ...

ကိုလူထွေးရေ ... ရန်ကုန်ကဗျာတွေသွားသွားဖတ်ဖြစ်နေပါတယ် ...

ကိုလင်းဒီပရေ ...
ကူးသွားနိုင်ပါတယ်ရှင် ....

ရွှန်းမီ said...

မကြယ်ပြာနော်.. လွမ်းအောင်ထပ်လုပ်တယ်.. -_-

သူကြီးမင်း (တုံးဖလား) said...

အရမ်းကောင်းတဲ့ ခံစားမှု နက်ရှိုင်းမှုပါတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။

ညီမပြောသလို အဲဒါတွေ အဲဒီအတိုင်းဘဲ ဖြစ်နေကြတာမဟုတ်လား။

Anonymous said...

ကျွန်မတို့မြို့မှာ
မမြင်ရတဲ့ ကိုယ်ချင်းစာတရားတွေရှိတယ်
အသုံးမ၀င်တော့တဲ့ အမှန်တရားတွေရှိတယ်
ခေါက်သိမ်းထားတဲ့ သမာသမတ်ကျမှုတွေရှိတယ်
ရွာမကျနိုင်တော့တဲ့ မျက်ရည်မိုးပေါက်တွေရှိတယ်
ဗူးအကြီးကြီးတွေနဲ့ထည့်သိမ်းထားတဲ့
သိက္ခာခပ်သေးသေးတွေရှိတယ်
ကောင်းလိုက်တဲ့ စကားလုံးလေးတွေ

ရေတမာ said...

တကယ်ကို စကားလုံးတွေနဲ့ ပီပီပြင်ပြင် ထုဆစ်နိုင်တာပဲ လေးစားပါတယ်အမရေ

Melody said...

အရမ်းကြိုက်တယ်... မရေ

သုဏော်စိုင်း said...

ကွက်တိကိုထိတယ်...

ငချမ်းကောင် said...

ကောင်းချက်ကတော့ ထောင်းချက်တာထက်တောင် ညက်သေးတယ်ဗျို့။ စကားလုံးသုံးနှုန်းပုံလေးတွေက တကယ့်ကို ထိမိပါတယ်ဗျာ။

Unknown said...

ရှမ်းပြည်လေးကိုလည်း လွမ်းလို့ ဒါလေးကိုဖတ်ပြီးတော့း(

မချစ်ရ said...

အမရေလာဖတ်ပါတယ် နော်
ကဗျာကောငိးလေးကို

Nyi Nyi said...

အခုမှရောက်ဖူးတယ်။ ရန်ကုန်ဆိုတာဒီလိုပါလား...

ကိုတိုးလေး said...

အမရေ စာလာဖတ်တယ်နော် ကဗျာကောင်းလေးကိုနော်။ စီဗောက်မှာလည်းအော်မလို့ပဲ ကွန်သိပ်မကောင်းလို့လားမသိဘူး မပေါ်လို့ ဘာမှမရေးခဲ့တော့ဘူး အမရေ အဆင်ပြေပါစေခင်ဗျာ။

Mogok Thar said...

ဗူးအကြီးကြီးတွေနဲ့ထည့်သိမ်းထားတဲ့
သိက္ခာခပ်သေးသေးတွေရှိတယ် …

(I love it!!!!!!!!!!)

မိုးခါး said...

ကြိုက်လိုက်တာ ...
မြင်ယောင်ပြီး ဖတ်သွားတယ် အစ်မရေ