Wednesday, April 1, 2009

လောကဓံရေ …



လောကဓံရေ …..
ကကြိုးကကွက်တွေဆန်းပုံများ
သက်မောတွေရှိုက် ပင့်သက်တွေလှိုက်နေတာတောင်
တီးကွက်ကမချနိုင်သေးဘူးရယ် …

လောကဓံရေ ……
စည်းချက်ကျကျ ယိမ်းယိုင်
ကိုယ့်ကကွက်ကိုယ် အနိုင်နိုင်ထိန်းရင်း
ဇာတ်ဆရာအလိုကျ ကနေရတဲ့ဘ၀မှာ
ဘယ်သူ့ ဘယ်သူမှ မပြစ်မတင်သာဘူးလေ …

လောကဓံရေ ….
ဘ၀ဆိုတာတိုက်ပွဲတဲ့ နွှဲလာတဲ့ပွဲတွေလည်းများတော့
ကိုယ့်ခြေပေါ်ခိုင်ခိုင်ရပ်နိုင်ဘို့
တခါတလေ ဓါးလွတ်ကိုလဲမြေမှာထောက်မိတာပေါ့ ….

လောကဓံရေ ……
မကောင်းဆုံးတွေထဲက အကောင်းဆုံးကိုရွေးထုတ်
အပူရုပ်ကို ဟန်မလုပ်နိုင်ပေမယ့်
လမ်းဆုံးရင်တော့ ရွာတွေ့မပေါ့ဆိုတဲ့စိတ်နဲ့
လျှောက်လက်စ ခြေလှမ်းတွေကတော့ရွေ့မြဲ ရွေ့ဆဲ ……

မှတ်ချက်။ ။ပုံလေးကို ဒီက (http://www.urban75.org)ယူပါတယ် ...

9 Comments:

Welcome said...

လောကကြီးထဲကို
အငိုနဲ့ဖက်ပြီး ခရီးစဖို့ ရောက်လာကြတာမို့
ဘယ်အရာမဆို
ချောမွေ့ခြင်း လွယ်ကူခြင်း သက်သာခြင်း တွေ
ပြည့်စုံနိုင်မယ် မထင်ပါဘူး
ခရီးဆုံးရောက်ဖို့
ခန္ဓာသွေး မခမ်းခြောက်သရွေ့
အားအင် မကုန်မချင်း
လျှောက်မြဲ
လှမ်းမြဲ
ရွေ့မြဲ .. ရွေ့ဆဲ ပါ။

Anonymous said...

ကျနော်တော့ လောကဓံဆိုတဲ့ အသံကြားတာနဲ့ ဖျားချင်နေတယ် အစ်မရေ့ ။ ဒီလိုပဲ အားတင်းထားပါလို့ပဲအားပေးရမလား သူကတကယ့်ကို ထိချက်ပြင်းပြင်းနဲ့ ကြောက်ဖို့ကောင်းတာ အမှန်ပါပဲ ။

Melody said...

.....

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ ....

အမှန်တော့ ဖြစ်နိုင်မလား ?

......

:(

(မလွယ်ပါဘူး မရယ်)

flowerpoem said...

မကြယ်ပြာ အားမလျော့ပါနဲ့ ... လောကဓံကို ကြံကြံခံနိုင်အောင် ကြိုးစားကြတာပေါ့ရှင်..

Unknown said...

မကြယ်ပြာရေ ကဗျာလာဖတ်တယ်
လောကဓံရေ လောကဓံရေ လောက ဒဏ်ရေ
ဖြစ်သွားတယ်ပေါ့ တင်းထား လဲမကျသွားအောင်
ကောင်းသောနေ့ပါ :)

တလနွန် said...

အမရေ လောကဓံကို အံတုပြီး အောင်မြင်အောင်
ကြိုးစားရမှာပေါ့ အရှုံးပေးလို့ မရတာ.......
လေမုန်တိုင်းကျပြီးရင် လေပြေညှင်းတိုက်ခတ်အုံးမယ်လို့  မျှော်လင့်ချက်နဲ့ 
လောကဓံကို ရင်ဆိုင်ဆဲ။

ကြယ်ပြာ said...

အားပေးတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးပါရှင် ...

Mhu Darye said...

ကဗျာလေးကောင်းတယ်။
လောကကြီး က မကောင်းဘူး။
မှန်ပ။
လာဖတ်သွားပါတယ် ရှင်။

vanko said...

အတော်ကောင်းတဲ့ ကဗျာလေးပါ။ ရုန်းကန်လှုပ်ရှားရတဲ့ ဘ၀ရဲ့သဘောကို စာဖတ်သူတွေ မောသွားအောင် ထိထိမိမိရေးထားတာပဲ။
ဒီစာပိုဒ်ကလေးကိုတော့ အကြိုက်ဆုံးပဲ

လောကဓံရေ ….
ဘ၀ဆိုတာတိုက်ပွဲတဲ့ နွှဲလာတဲ့ပွဲတွေလည်းများတော့
ကိုယ့်ခြေပေါ်ခိုင်ခိုင်ရပ်နိုင်ဘို့
တခါတလေ ဓါးလွတ်ကိုလဲမြေမှာထောက်မိတာပေါ့ ….

လောကဓံမုန်တိုင်းကြားမှာ ကိုယ်စိတ်နှလုံး ငြိမ်သက်နားခိုရာကို ရှာတွေ့ပါစေ.