အထာမကျတဲ့ စီးမျောမှု့တွေနဲ့
စိတ်တွေ မှုန်မှိုင်း အုံ့ဆိုင်းနေခဲ့တာ
ရက်သတ္တ တစ်ပတ်လောက်တောင်ရှိရော့မယ် …
အစဆွဲထုတ်လို့မရလောက်အောင်
ရှုပ်နေတဲ့အတွေးစပေါင်းများစွာကို
ရှင်းဖို့ကြိုးစားရင်း ပြန်ပြန်ရှုပ်နေတာလဲ အခါခါပဲ …
မွန်းကျပ်တဲ့စိတ်တွေကို ထွက်ပေါက်ပေးဖို့
ကဲ …. ဘယ်မှာလဲ ငါ့ရဲ့ ရင်ဖွင့်ရာ ….
8 Comments:
မွန်းကြပ်တဲ့စိတ်တွေကို ထွက်ပေါက်အဖြစ်နဲ့ စိတ်ဖြေစရာလေး တစ်နေရာရှိပါတယ်ဗျာ။ အဲ့ဒါလေးကတော့ စာအုပ်လေးတစ်အုပ်ပေါ်မှာ ကိုယ်စိတ်က ဖြစ်နေတာလေးကိုရေးချကြည့်ပါလား အတတ်နိုင်ဆုံးတော့ သက်သာသွားပါလိမ့်မယ်ထင်တယ် အစ်မရေ။ အကြံပေးတာနော် လုပ်ကြည့်ပေါ့နော်။
အကြံပေးတာ ကျေးဇူးတင်ပါတယ် ကိုတိုးလေးရေ ... လုပ်ကြည့်ပါဦးမယ် ...
အဟဲ ရင်ဖွင့်စရာတော့ ရှိသင့်တယ်ဗျနော့။ တစ်ခုခုပေါ့ဗျာ။
ဘယ်မှာလဲ ငါ့ရင်ဖွင့်စရာဆိုတော့ ဒီဘလော့လေးနဲ့ ဘလော့ပေါ်က မောင်နှမတွေကိုပေါ့။
ဓာတ်ပုံလေး ကျနော် အရမ်းကြိုက်တယ် ။ အဆင်ပြေပါစေ အစ်မ
ဟေ့ရောင် လုပ်နဲ့လေကွာ အမြင်မတော် တာတွေ တွေ့ကုန်မယ် (အ ဟီး)
လုပ်သလိုမဖြစ်တဲ့ အခါ
ဖြစ်သလိုလုပ်နေရတဲ့ ဘ၀သေးသေးလေးမှာ
စိတ်ညစ်ညီးငြူ မနေပါနဲ့ ..
ဖြစ်လာသမျှ အကောင်းလို့ပဲ ရင်ထဲမှတ်ယူပြီး
ဘ၀ကို ပျော်ပျော်ပဲ ဖြတ်သန်းစေချင်ပါတယ်။
အိုကေနော် သယ်ချင်း
ဟုတ်တယ် ရှင်ရဲထွတ်ရေ ... ရင်ဖွင့်စရာတစ်ခုခုတော့ရှိသင့်တယ် ...
မောင်မျိုးလေးရေ ... အမှန်အတိုင်းပြောရရင်တော့ စိတ်တွေမွန်းကျပ်နေလို့ ဘလော့ပေါ်တင်လိုက်တယ်ဆိုကတည်းက ဘလော့မောင်နှမတွေကို ရင်ဖွင့်ခြင်းတစ်မျိုးပါပဲ ...
ရှမ်းလေးရေ ...
ဦးသုမင်္ဂလကပြောတယ် .. ဖြစ်လာသမျှအကောင်းမဟုတ်ဘူးတဲ့ ... ဖြစ်လာသမျှ မကောင်းကောင်းအောင်လုပ်ရမယ်တဲ့ .. ဒါပေမယ့် ခုတော့ အားနည်းနည်းကုန်နေတယ် ...
သူငယ်ချင်းတွေ ၀ိုင်းအားပေးကြလို့ကျေးဇူးတင်ပါတယ် ...
အမရဲ့ ကောင်းကင်ပေါ်မှာ ကြိုက်သလိုလာရင်ဖွင့်ပါ ညီမလေးရေ
ရင်ဖွင့်စရာမရှိရင် ဂိမ်းကစားလိုက် လေ..ကျနော်တော့ အဲဒီလို လုပ်တာများတယ်..အဆင်ပြေပါစေဗျာ.
Post a Comment