Monday, November 24, 2008

တွယ်ရာမဲ့



မျှော်လင့်တိုင်းဖြစ်မလာတတ်တာ
ခဏ ခဏ သိခဲ့ရက်နဲ့
မျှော်လင့်ခဲ့မိတာ ငါ့အပြစ်ပဲပေါ့ ….

ငါလိုလူဆုတောင်းရင်
မပြည့်လောက်ဘူးဆိုတာသိပေမယ့်
ကောက်ရိုးတစ်မျှင်ရယ်လို့ ဖမ်းဆုပ်ခဲ့မိတယ် …
ဒါပေမယ့်လည်း
ငါ့ဆုတောင်းတွေ မပြည့်ခဲ့ဘူးကွာ …..

တကယ်တော့ အရာအရာဟာ
တစစ မှုန်ဝါးရင်းနဲ့ နောက်ဆုံးတော့
သူ့နေရာနဲ့သူ အသားကျသွားမှာပါ …..
ခုန်လှုပ်နေတဲ့ ငါ့နှလုံးသားတစ်စုံကလွဲလို့ပေါ့ ……

မင်းကိုသိပ်ချစ်တယ်ဆိုတာ
ငါ့ကိုငါ မသိခင်တုန်းက
ငါဆိုတဲ့ ငါ သိပ်အေးချမ်းခဲ့တာပါ …
မင်းကလောဘမကြီးဖို့ သတိပေးပေမယ့်
မင်းကို သိပ်ချစ်သွားတာ
ငါလုပ်ယူခဲ့တာမဟုတ်ဘူးနော် …..

ငါ မသိခင်ကတည်းက မင်းကငါ့ရင်ထဲရောက်နေပြီလေ…..
သိလိုက်တဲ့အချိန်မှာ မပိုင်ဖူးတဲ့ အရာတစ်ခုကို
လက်လွှတ်လိုက်တဲ့ ဆုံးရှုံးမှု့ရယ် …..
မင်းကို မပေးလိုက်ရတဲ့ အချစ်တွေရယ်ကလွဲရင်
ငါ့ဆီမှာ ဘာမှမကျန်တော့ဘူးကွာ …..

ဗလာဖြစ်နေတဲ့ ငါ့ရင်ထဲမှာ …
ဝုန်းဒိုင်းကြဲနေတာ ဘယ်သူမြင်နိုင်မှာလဲ???
စူးအောင့်တဲ့ဝေဒနာတစ်ခုကို
မြတ်နိုးစွာတွယ်ဖက်ရင်းနဲ့
နှလုံးသားတစ်ခြမ်းမရှိတော့တဲ့
ငါ့ရင်ထဲကို ငါတော့မြင်နေရတယ် …
ငါ မျက်ရည်မကျဘဲ ရှိုက်ကြီးတငင်ငိုနေမိတာ
မင်းနှလုံးသားလေး အအေးပတ်မှာစိုးလို့ပါ …..

4 Comments:

Anonymous said...

အပိုဒ်တိုင်းကောင်းပါတယ် အားပေးလျက်ပါ
အဆင်ပြေပါစေ

Welcome said...

သယ်ချင်း
ကဗျာကောင်းလေး လာဖတ်တယ်။
အားပေးလျက်ပါ

http://winzaw-mdy.blogspot.com/

အိပ်မက်နိဒါန်း said...

ဆုတောင်းတွေပြည့်ပါစေလို့... ကဗျာလေးက ကောင်းတယ်..ခံစားချက်လည်းပါတယ်..

ကြယ်ပြာ said...

အိပ်မက်နိဒါန်းရေ ... ဆုတောင်းပေးပေမယ့် မပြည့်တော့ပါဘူး .... သူနဲ့ကိုယ်နဲ့က စည်းခြားသွားပါပြီ .....း)
ဒီကဗျာလေးက ၂၀၀၅ ကတည်းကရေးထားတာပါ ....