ကျွန်မအလုပ်သွားရင် လျှောက်ရတဲ့လမ်းတိုလေးက သိပ်ချစ်စရာကောင်းတယ် … မြို့လယ်ခေါင်ကြီးမှာပေမယ့် အဲ့ဒီလမ်းလေးထဲရောက်ရင် မြို့လယ်ခေါင်လို့မခံစားရဘူး ..
အဲ့ဒီလမ်းလေးမှာ ပိုင်ဆိုင်တာဆိုလို့ လမ်းလေးကို အုပ်မိုးထားတဲ့တရုတ်စကားပင်တွေရယ် တရုတ်စကားပင်တွေအောက်မှာစိုက်ထားတဲ့ ပုဏ္ဍရိတ်ပန်းပင်လေးတွေရယ်ပဲရှိပါတယ် …
ပန်းရောင်အနု၊အရင့် … ကြက်သွေးရောင်ရင့်ရင့် … အ၀ါနုရောင် တွေရှိကြတဲ့
ရောင်စုံတရုတ်စကားပွင့်လေးတွေကလဲ ဝေတချို့၊ ကြွေတချို့နဲ့ ကဗျာဆန်စွာလှပနေကြတယ် ..
ဝေနေတဲ့ပန်းကလေးတွေကလည်း သူတို့ရဲ့မိခင်အပင်နဲ့ သူတို့ရဲ့ လမ်းတိုလေးကို အလှဆင်ကြသလို …
ကြွေကျနေတဲ့ပန်းကလေးတွေကလည်း ပန်းကော်ဇောခင်းထားသလိုမျိုးနဲ့ သူတို့ရဲ့ လမ်းတိုလေးကို အလှဆင်ကြပြန်တယ်လေ …. ဘယ်လိုပဲဖြစ်ဖြစ် လမ်းတိုလေးနဲ့ပန်းပွင့်လေးတွေနဲ့ပနံတင့်နေတာတော့ အမှန်ပါပဲ ..ကျွန်မလို စိတ်ကူးယဉ်တတ်သူတစ်ယောက်အတွက်တော့ လမ်းတိုကလေးက ရသမျိုးစုံပေးနိုင်တယ်လို့ ဆိုရမယ် …
နွေဦးတော်လှန်ရေး - ၄၄
-
၂၀၂၄ နိုဝင်ဘာ ၂ မေရီလန်းပြည်နယ် အေးချမ်းမေပွဲ သွားကြတယ်။
ကိုယ်တို့ငယ်ငယ်တုန်းက အေးချမ်းမေ အရမ်းနာမည်ကြီးတာ။
တစစီကြိုးပဲ့နေသီချင်းကြိုက်တယ်။ နောက်တော့ ပျေ...
2 days ago
0 Comments:
Post a Comment