ဆံပင်ရှည်ရှည် နဲ့ ပါးချိုင့်လေးပေါ်အောင် ပြုံးတတ်တဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ကူးယဉ်ပြီး ကောင်လေးတစ်ယောက်အနေနဲ့ ဒီကဗျာကို ရေးထားတယ်။
လေပြေနုသွေးက ရယ်သွမ်းသွေးတဲ့အခါ
.
မင်းဆံနွယ်တွေက လေထဲ တ၀ဲဝဲလွင့် …
.
ပါးချိုင့်လေးတစ်ဘက်ရဲ့ မှော်အပြုံးအောက်မှာ
.
ကျရှုံးချင် ရှုံးပါစေတော့ရယ်လို့ ရဲရဲရင့်ရင့် သီကျူး …..
.
ဖြက်ကနဲ မိလိုက်တဲ့ အကြည့်တစ်ချက်နဲ့တင်
.
ထာဝရ ငြိတွယ်ခွင့်ပေးသနားစေဖို့ အကြောင်း ဆုတောင်းမိ ……
.
ငါ့စိတ်တွေက ၀ိဥာဉ်တစ်ကောင်လို
.
မင်းဆီ တွား လျား တိုး ကပ် ချော့ မြူ ….
.
မည်ကာမတ္တအလွမ်းလို့တော့ နာမည်မတပ်နဲ့ကွယ် ………
.
နေရောင်လင်းဖြာ ချိန်ကစလို့
.
တိမ်တွေရှက်စနိုး ငုံလျိုးသွားချိန်ထိ
.
မင်းကို တစိမ့်စိမ့်လွမ်းတယ် …. ယုံ ……
.
.
.
.
ရေးသူ - ကြယ်ပြာ
ရေးချိန် - စက်တင်ဘာ ၁၂ ရက် ညနေ ၂ နာရီ ၄၀ မိနစ်။
Cherry Blossom in Central Park - 2
-
၂၀၂၆ ဧပြီ ၁၂ တနင်္ဂနွေနေ Central Park ထဲလမ်းသွားလျှောက်တယ်။ ချယ်ရီပန်း၊
ပန်းတွေပွင့်နေတာ အရမ်းလှတယ်။
စန်းထွန်း
သြဂုတ် ၁၂၊ ၂၀၂၆။
6 days ago
5 Comments:
ကောင်လေးရဲ့ စိတ်ကူးယဉ် ကဗျာလေး ဖတ်သွားတယ်
ဒီကဗျာလေး ဖတ်လိုက်ရတော့
ပစ်စိတ်ထဲ မှာ အမြဲစိုးမိုးနေတတ်တဲ့
ပါးချိုင့်လေးနဲ့ ကောင်လေး
တယောက်ကို သတိရမိတယ်...
ဒါဖြင့် အဲဒီကောင်မလေးက ဘယ်သူလဲ ညီမ။ ညီမက ကောင်လေးဆိုတော့လေ။း)
ရှမ်းလေး၊ ပစ် နဲ့ ဒကြီး ..... လာဖတ်တာ ကျေးဇူးပါ။
ဒကြီးရေ .... အဲ့လိုပဲ စိတ်ကူးယဉ်လိုက်တာ။ ခိခိ
BPP Challenge !!!
Post a Comment