စိတ်က သိပ်နူးညံ့တယ်
ကြည်နူးဖွယ်ရာဖြစ်ဖြစ်၊ ညစ်ညူးစရာဖြစ်ဖြစ်
အတွေးတစ်စ ကျလိုက်ယုံနဲ့တင်
လှိုက်တုန်သွားတာများ ငလျင်လှုပ်သလိုလို …..
စိတ်က သိပ်ပျော့ညံ့တယ်
သာယာဖွယ်ရာဖြစ်ဖြစ်၊ လွမ်းမောဖွယ်ရာဖြစ်ဖြစ်
ခံစားချက်လေး တစုံတရာနဲ့တို့ထိမိတာနဲ့တင်
တဖျတ်ဖျတ်ခါသွားတာများ စမ်းချောင်းထဲမှာငါးလေးတွေ ကူးနေသလိုလို …..
စိတ်က သိပ်ပြင်းထန်တယ်
နားကျည်းစရာဖြစ်ဖြစ်၊ ခံပြင်းစရာဖြစ်ြဖစ်
ရှိသမျှမာနတွေ စုပုံပစ်ချထားတာတောင်
ထိရှလွယ်လိုက်တာများ စက္ကူယပ်တောင်လေး တစ်ချပ်လိုလို ….
နောက်ဆုံးတော့ …
စိတ်က လစ်လျူရှုတတ်ခြင်းတွေနဲ့ သူ့ခံစားချက်သူ အဆုံးသတ်ဖို့ ပြင်ဆင်နေလေရဲ့ ……
သတ္တဝါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ
-
ဒီနေ့မနက် အမျှဝေ သာဓုခေါ်ချိန်မှာ အခုဘဝ နောက်ထပ်တစ်ကြိမ်
ဆုံနိုင်ခွင့်မရနိုင်တော့ဘဲ တစ်သက်လုံးဝေးသွားကြတဲ့ မောင်နှမသားချင်း
ဆွေမျိုးညာတိ မိတ်ဆွေသင...
2 days ago
1 Comment:
ထိရှလွယ်တဲ့ စက္ကူယပ်တောင်...တင်စားချက်အသစ်ပဲ...ကြိုက်သဗျာ...
Post a Comment