တခါတရံမှာ
ဆုံမှတ်ကို သေချာချိန်ပါလျက်နဲ့
လွဲသွားတတ်တာ
ကိုယ်ကလွှဲလိုက်တာလား၊ အတွက်အချက်မှားသွားတာလား
ဇဝေဇ၀ါရယ်ပါ ….
ဘယ်လိုပဲဖြစ်ဖြစ် အရာတိုင်းက
အချိန်နဲ.အမျှပြောင်းလဲတတ်တယ်ဆိုတာ
လက်ခံလိုက်ချိန်မှာ
ကိုယ့်ရင်ဘတ်ထဲက သံစဉ်တွေကတော့
တိတ်တဆိတ် ငိုချင်းချနေလေရဲ့ …..
မသေချာတဲ့ အချစ်တစ်ခုအတွက်
အသေအချာ ခံစားနေရတာကို
သာတယ် နာတယ် မတွက်မိပေမယ့်
နားစိုက်ထောင်ရင် နှလုံးသားလေးက
“နာကျင်လိုက်တာ” လို့ ခပ်တိုးတိုးငြီးနေတာ ကြားရလိမ့်မယ် ……
ကြယ်ပြာ
Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
2 weeks ago
1 Comment:
အမရေ... ထပ်တူ ခံစားသွားတယ်။
ကဗျာလေးက မိုက်မှ မိုက်။
Post a Comment