Monday, January 14, 2008

Xml Parsing Error

Error Message : An error occurred while parsing EntityName. Line 1, position 164.
Applied To : ASP.NET
Cause : This error was caused by a «&» char.

<root><info title="Research & Development" /></root>

While parsing this xml string, when the «&» char was hit, an exception was thrown with the error message.

Solution : The «&» char must be substituted with a Html Entity:
<root><info title="Research &amp; Development" /></root>

Friday, December 21, 2007

ခံစားချက်အပိုင်းအစ


ရင်ဖွင့်ပါရစေ ကျွန်မရဲ့ ဒိုင်ယာရီလေးရေ …….

ဒီနေ့ သူငယ်ချင်းတစ်ယောက်အတွက်နဲ. စိတ်မကောင်းဖြစ်၊ မျက်ရည်ကျရပြန်ပြီ …..
ကျွန်မ ထင်ထားတဲ့၊ ယူဆထားတဲ့ ဘယ်သူ့ကိုမှ မထိခိုက်လောက်ဘူးထင်လို့ လုပ်မိတဲ့ အလုပ်က သူတစ်ပါးကို ထိခိုက်စေတယ်ဆိုတာ သိလိုက်ရလို့ပါ …..ခုတစ်ကြိမ်နဲ့ပါဆိုရင် သူငယ်ချင်း နှစ်ယောက်ရှိသွားပြီ ။ ကျွန်မစိတ်ထဲ တော်တော်ထိခိုက်ပါတယ် …..သူတို့ကိုတောင်းပန်လိုက်ရုံနဲ့ သူတို့တွေ စိတ်ထဲမှာ တကယ်ကျေနပ်သွားကြရဲ့ လား ကျွန်မ မသိနိုင်ပါဘူး …..

ကျွန်မ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်၊ ဆုံးမနေမိတယ် …. ကျွန်မက သူငယ်ချင်းတွေနဲ့ ပတ်သတ်ရင် တကယ်ကောင်းချင်ခဲ့သူပါ …. ဖြစ်နိုင်ရင် ကျွန်မကြောင့် ဘယ်သူ့ကို မှ စိတ်အနှောက်အယှက်မဖြစ်စေချင်ပါဘူး ။
ငါသာဆိုရင် ဒီလိုမဖြစ်ဘူးလို့ အမြဲတွေးတတ်တဲ. ကျွန်မ ၊ ကျွန်မစိတ်နဲ.နှိုင်းပြီး အရာရာကို ဆုံးဖြတ်လေ့ရှိတယ် ။ လူတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ခြင်း မတူနိုင်တာ ကျွန်မမေ့နေမိတယ် ….
ခုတော့ သူငယ်ချင်းစိတ်ထဲလည်း ကသိကအောင့်ဖြစ် ၊ ကျွန်မလဲ စိတ်ဆင်းရဲရတယ် …..

ကြယ်ပြာ

Tuesday, December 11, 2007

အထီးကျန်ချစ်သူ

နှင်းတွေမှုန်ပြပြကျလို့
ဇာပုဝါ ခြုံထားတဲ့ ချစ်စရာ့ မနက်ခင်းရေ
မင်းရဲ့ အေးချမ်းတဲ့အလှကိုခံစားရင်း
ကော်ဖီအတူတွဲသောက်ဖို့
ငါ့ရဲ့ချစ်သူက ဟိုးအဝေးကြီးမှာ …..

နေခြည်ဖြာလင်းလက်လို့
တောက်ပတဲ့ နေ.လည်ခင်းရေ
မင်းရဲ့ လန်းဆန်းတဲ့အလှကို ခံစားရင်း
တေးသီချင်းတွေ သီကျူးဖို့
ငါ့ရဲ့ချစ်သူက ဟိုးအဝေးကြီးမှာ …..

နေညိုညို ညနေချမ်းမှာ
ရင်ခုန်စရာ အိပ်မက်တွေသီကုံး
ချစ်သူရဲ့ ပုခုံးပေါ်ခေါင်းမှီရင်း
လက်တွဲကာ လမ်းလျှောက်ဖို့
ငါ့ရဲ့ချစ်သူက ဟိုးအဝေးကြီးမှာ …..

ကြယ်ပြာ