ရင်နာခြင်းတွေက ငါ့ကြင်နာခြင်းတွေနဲ့ဆတူဆိုတာ
နင်မသိလေရော့သလား …
အလိုလိုဖြစ်မလာတဲ့ အကျိုးတရားတွေအတွက်
အကြောင်းတရားတွေ ဖန်တီးရတာ
စိတ်ရော၊ လူရော မောတယ်။
နှလုံးသားတစ်ခုလုံးကို ထောင်းထုထားသလို ခံစားရကြောင်း၊
တွေးလိုက်တိုင်း ဘယ်ဘက်ရင်အုံတစ်ခုလုံး အောင့်သက်နာကျင်ကြောင်း၊
အကြိမ်ကြိမ်ဝဲတက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်အကူအညီဖြင့် ပုတ်ခတ်သိမ်းဆည်းရကြောင်း၊
မျက်စိမှိတ်လိုက်ယုံနဲ့ ကိုယ့်ရင်အက်သံကို ကိုယ်နားဆင်နေရကြောင်း …..
အကြောင်းပေါင်းများစွာအတွက်
သူသူငါငါ ပါးစပ်ဖျားက စကားတွေနဲ့
ငါ့နာဖျားမှုတွေကို ခေါင်းစဉ်လာမတပ်ပါနဲ့
ခေါင်းစဉ်မဲ့နေရတာကိုက သိမ်မွေ့နက်နဲလွန်းတယ်။
ဧပြီ(၁) ရက် ၊ ၂၀၁၄
နေ့လည် ၂း၁၀
ရုပ်ရှင်ကြည့်ခြင်း အနုပညာ - Mission: Impossible - The Final Reckoning
-
Mission: Impossible - The Final Reckoning
June 29, 2025. Sunday
ကြေငြာက နာရီဝက်..ရုပ်ရှင်က ၃ နာရီ..ခုံတွေက သက်တောင့်သက်သာဖြစ်လွန်းလို့
အစပိုင်း စကားပြေ...
2 days ago