အစကတော့ ဘလော့ဖတ်ရတာ ကျွန်မ စိတ်မပါပါဘူး …
ကျွန်မက ဖိုရမ်တွေလောက်ပဲဖတ်တာ ...… ဘလော့တစ်ခု စလုပ်ဖို့ဆိုတာ ဝေလာဝေးပေါ့ …..
ဒါပေမယ့် နောက်တော့ ကျွန်မသူငယ်ချင်းလေးတစ်ယောက်က သူဖတ်လို့ကောင်းတဲ့ ဘလော့လေးတွေ လာလာပြောတယ် … ကျွန်မလဲ ဖတ်လို့အချိန်ရသလောက် လိုက်ဖတ်တာပေါ့ …. ဖတ်ရင်းနဲ. ဘလော့လုပ်ချင်စိတ်လေးတော့ ဖြစ်မိသား …. ဒါပေမယ့်လဲ ကျွန်မက ဇော်ဂျီကို အင်စတောလ်လုပ်ဖို. ပျင်းနေမိတာနဲ.ပဲ မလုပ်ဖြစ်ဘူး ….
ခုတော့ ကျွန်မ ဘလော့စရေးဖို့ စိတ်ပါလာပြီ ……
ကျွန်မ ဖတ်မိသလောက် ဘလော့တွေက ပုံစံအမျိုးမျိုး၊ ရသအမျိုးမျိုးပေါ့ ….
ကျွန်မကတော့ ကျွန်မ ဘလော့ ကို တခါတရံ ဒိုင်ယာရီလေးလို သဘောထားမယ် …
တခါတရံ ကျွန်မရဲ့ ရင်တွင်းဖြစ်ကဗျာလေးတွေတင်မယ် ….
တခါတရံ ကျွန်မခံစားချက်နဲ့ အမြင်တချို့ကို တင်မယ် …..
တခါတရံ ကောင်းနိုးရာရာ သတင်းလေးတွေ တင်ပေးရင် တင်ပေးမိမယ် ….
ကျွန်မဘလော့က အစုံသုပ် ဘလော့လေးတစ်ခု ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ် ……
ကြယ်ပြာ
ဂျပန်သွား တောလား - ၁၃
-
Day 15 - Tokyo
Ueno Zoological Gardens
Senso-ji Temple
Taito-Hanakawado
Cherry blossoms in Kamimeguro, Meuro-Aobadai
April 4, 2025.
Cherry blossoms in...
1 hour ago