မနေ့တနေ့ကတင်
တိမ်ညိုတွေ ထမ်းပိုးထားတဲ့ ကောင်းကင်ဟာ
ပြိုမယောင်နဲ့ ညို့ ….
ပြောင်းလဲမှုဆိုတာ အကြိုအကြား ဂရုစိုက်မှုတွေကနေ
ခပ်စိပ်စိပ်သို့ ….
ဘ၀ဆိုတာ စီးဆော စီးနေသလို ….
တိတိပပ တည်မြဲတာဆိုလို့ မမြဲခြင်းတရားတစ်ခုတည်းဆိုတဲ့နောက်
ကောင်းကင်ကြီးကျကွဲမလား …
မြေကြီးတွေ ပျံတက်သွားမလားရယ်လို့
မကြောင့်ကြဖြစ်တော့တဲ့အခါ
စိတ်တွေဟာ မေတ္တာခြုံလို့ လုံလွန်းလှတယ်။
နွေဦးတော်လှန်ရေး - ၄၄
-
၂၀၂၄ နိုဝင်ဘာ ၂ မေရီလန်းပြည်နယ် အေးချမ်းမေပွဲ သွားကြတယ်။
ကိုယ်တို့ငယ်ငယ်တုန်းက အေးချမ်းမေ အရမ်းနာမည်ကြီးတာ။
တစစီကြိုးပဲ့နေသီချင်းကြိုက်တယ်။ နောက်တော့ ပျေ...
6 days ago
2 Comments:
ငြိမ်သက်ခြင်း မှာ ...
စိတ် အစုံ ဟာ တန့်နေတယ် ...
မေတ္တာခြုံထားရင် အားလုံးလုံခြုံပြီး ငြိမ်းချမ်းမှာ အသေအခြာပါဘဲ။
Post a Comment