ဟေ့ရောင်
အထီးကျန်မှုကို ပိုးမွေးသလို မမွေးစမ်းနဲ့ …
နင့်ရင်ထဲ ငါရှိနေသရွေ့၊ ငါ့ရင်ထဲ နင်ရှိနေသမျှ
အထီးကျန်မှုဆိုတာ ကြောင်တစ်ကောင်လိုတောင်
ငါတို့နား ပွတ်သီး၊ပွတ်သပ် လုပ်ခွင့်မရှိစေရဘူး …
ချစ်ခြင်း၊ လွမ်းခြင်းတွေမှာ
ကိုယ့်ကိုကိုယ် ရဲရင့်ပစ်လိုက်စမ်းပါ …
မတွန့်ဆုတ်နဲ့ .. ပျာယီးပျာယာမရှိစေနဲ့ ….
"နင့်ကို ငါချစ်တယ် ....."
ကြားလိုက်တဲ့ စကားလုံးတိုင်းအတွက်
မျက်စိမှိတ်ပြီး ကြည်နူးမှုကို ခံယူစေ ….
ဒီစီသွား တောလား - ၅
-
၂၀၂၄ မတ် ၂၅ တနင်္ဂနွေနေ့ နေ့လည်ဖက် ကျောက်တိုင်ဘေးနား World War II Memorial
ကိုဖြတ်ကျော်ပြီး Lincoln Memorial ဆီလမ်းလျှောက်ကြတယ်။ တနင်္ဂနွေနေ့ လည်းဖြစ်
ရာ...
13 hours ago